ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့် ကစားသမား ရ ဦးကိုမော်ရင်ဟို ထုတ်ဖော်ပြောကြား

ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသည့် ကစားသမား ရ ဦးကိုမော်ရင်ဟို ထုတ်ဖော်ပြောကြား

လန်ဒန်၊ သြဂုတ် ၂၂ ။         ။ ရာသီအစ ဆိုးရွားသည့်ရလဒ်များဖြင့် ကြုံတွေ့ခဲ့ရပြီးနောက် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး ခြေကျနေသည့် ကစားသမား ၇ ဦး၏ နာမည်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဆွမ်ဆီးအသင်းနှင့် ၂-၂ သရေကျခဲ့ပြီး ဒုတိယပွဲတွင် မန်စီးတီးကို ၃-၀ ဖြင့် ရှုံးနိမ့်ခဲ့ရကာ ၁၇ နှစ်အတွင်း အဆိုးရွားဆုံး ရာသီစတင်မှုဖြင့် ကြုံတွေ့ခဲ့ရသည်။

မော်ရင်ဟိုက ခြေစွမ်းကျဆင်းနေသည်ဟု သတ်မှတ်ထားသည့် ကစားသမားများမှာ အသင်းခေါင်းဆောင်တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ အက်စ်ပီလီကျူတာ၊ ဟက်ဇက်၊ ဖာဘရီဂက်စ်နှင့် မာတစ်တို့ ဖြစ်သည်။ မော်ရင်ဟိုသည် ထိုကစားသမားများကို ဝေဖန်ခဲ့သည့်အပြင် သူ့ကိုယ်သူလည်း ဝေဖန်ခဲ့သည်။

'တယ်ရီ၊ အိုင်ဗန်နိုဗစ်၊ ကာဟေးလ်၊ အက်စ်ပီလီကျူတာ၊ ဟက်ဇက်၊ ဖာဘရီဂက်စ်၊ မာတစ်တို့ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျွန်တော် မပျော်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ လက်ရှိပုံစံကိုလည်း မပျော်ရွှင် မကျေနပ်ပါဘူး။ ကျွန်တော်ဟာ ရာသီတိုင်းမှာ ဒီရာသီထက် ကောင်းမွန်တဲ့ ပုံစံကို ရရှိခဲ့ပါတယ်' ဟု မော်ရင်ဟိုက ဝေဖန်ပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ် တတိယပွဲစဉ်အဖြစ် ဝက်စ်ဘရွန်းအသင်းနှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly