ပါမေးယက်စ်အသင်းမှ နောက်ခံလူ ယာရီမီနာကို ဘာစီလိုနာအသင်း ခေါ်ယူ

ပါမေးယက်စ်အသင်းမှ နောက်ခံလူ ယာရီမီနာကို ဘာစီလိုနာအသင်း ခေါ်ယူ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ ဘရာဇီးကလပ် ပါမေးယက်စ်အသင်းမှ ကိုလံဘီယာနောက်ခံလူ ယာရီမီနာကို ယူရို ၁၁.၈ သန်းဖြင့် အပြီးသတ်ခေါ်ယူ စာချုပ်နိုင်ခဲ့ကြောင်း လာလီဂါကလပ်အသင်းက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ  ယူရိုသန်း ၁၀၀ တန် စာချုပ်ဖျက်သိမ်းကြေးဖြင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

“ယာရီမီနာဟာ နောက်ခံဗဟိုနေရာကို အားဖြည့်ဖို့ ဘာစီလိုနာအသင်းဆီ ရောက်လာပါပြီ။”လို့ ဘာစီလိုနာက ကြေညာချက်မှာ ရေးသားထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဘရာဇီးကွင်းလယ်လူ ဖိလစ်ပီ ကော်တင်ဟိုကို  ခေါ်ယူခဲ့ပြီးနောက်  မီနာမှာ ဒုတိယမြောက်ခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။

မီနာဟာ ပါမေးယက်စ်အသင်းမှာ ၄၉ ပွဲကစား၊ ၉ ဂိုး သွင်းယူခဲ့ပြီး နိုင်ငံအသင်းနဲ့ ၉ ပွဲကစားထားသူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လီဗာပူးလ်မှ ကော်တင်ဟိုကို စာချုပ်လျော်ကြေး ယူရိုသန်း ၄၀၀ အပါအဝင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ ပေးကာ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

ပါမေးယက်စ်အသင်းက မီနာကို ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တယ်လို့ ဗုဒဟူးနေ့က ကြေညာခဲ့ပါတယ်။

မီနာဟာ ဘာစီလိုနာအသင်းမှာ ကစားမယ့် ပထမဦးဆုံး ကိုလံဘီယာနိုင်ငံသားဖြစ်လာမှာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags