မိုဘိုင်းဖုန်းကို စက္ကန့်ပိုင်းအတွင်း အားသွင်းနိုင်မည့် ဘတ္တရီ အစ္စရေး ကုမ္ပဏီတီထွင်

မိုဘိုင်းဖုန်းကို စက္ကန့်ပိုင်းအတွင်း အားသွင်းနိုင်မည့် ဘတ္တရီ အစ္စရေး ကုမ္ပဏီတီထွင်

အစ္စရေးကုမ္ပဏီတစ်ခုက စက္ကန့်ပိုင်းအတွင်း ဖုန်းများကို အားသွင်းနိုင်ပြီး တီထွင်ခဲ့ပြီဖြစ်ကြောင်း ကြေညာသည်။ ထိုပြင် လျှပ်စစ်ကားများအတွက်လည်း မိနစ်အနည်းငယ်မျှဖြင့် အားပြည့်စေနိုင်မည့် နည်းပညာကို တီထွင်ခဲ့ခြင်းဖြစ်သည်။

တယ်အဲလ်ဗစ်အခြေစိုက် StoreDot ကုမ္ပဏီက နာနိုနည်းပညာဖြင့် ထုတ်လုပ်သည့် ၎င်းတို့၏ ဘတ္တရီသည် အားကိုသိုလှောင်စွမ်းရာတွင် အလွန်လျင်မြန်စွာဖြင့် အားဖြည့်နိုင်ပြီး ရေမြုပ်ဖြင့် စုပ်ယူသကဲ့သို့ စွမ်းအင်ကို အမြန်နှုန်းဖြင့် လျင်မြန်စွာ စုပ်ယူနိုင်သည်ဟု ပြောသည်။

အဆိုပါ ဖုန်းဘတ္တရီသည် ခေတ်ရှေ့ပြေးသည့် မော်ဒယ်သစ်ဘတ္တရီအဖြစ် ထုတ်ဖော်ပြသပြီး လျှပ်စစ်ကားများတွင်ပါ အသုံးချနိုင်ရေးအတွက် တီထွင်ထုတ်လုပ်မှုတွင် အမေရိကန်ဒေါ်လာ ၁၁၇ သန်းမတည်ရင်းနှီးထားပြီဖြစ်သည်။

လက်ရှိ တီထွင်ထားစ ခေတ်ရှေးပြေးဘတ္တရီသည် မိုဘိုင်းဖုန်းများအတွက်ဆိုလျှင် အရွယ်အစားအလွန်ကြီးနေပြီး အသုံးပြုရန် အရွယ်မမျှသေးဘဲရှိနေသေးသော်လည်း ကုမ္ပဏီက ၂၀၁၆ ခုနှစ်မကုန်ခင် ဖုန်းများနှင့် အံ့ကိုက်အနေတော်ဖြစ်ကာ အသုံးပြုနိုင်မည့် အရွယ်ကို ထုတ်လုပ်ကာ ဈေးကွက်တင်နိုင်တော့မည်ဟု မျှော်မှန်းထားသည်။ အဆိုပါ ဘတ္တရီများ ဈေးကွက်ရောက်ပါက တစ်နေ့လုံး ဖုန်းအသုံးပြုမှု အတွက် ဘတ္တရီအားသွင်းချိန်သည် စက္ကန့် ၃၀ ခန့်သာ အချိန်ပေးရတော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။

´တကယ်ကို အသစ်အဆန်း နည်းပညာပစ္စည်းပါ။ အရင်တစ်ခါမှ မပေါ်ဘူးတဲ့ နည်းပညာပါပဲ။´ဟု ကုမ္ပဏီကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ် ဒိုရွန်မိုင်ယာဒေါ့ဖ်က ပြောသည်။

ယခုခေတ်သစ်နည်းပညာဘတ္တရီကို တီထွင်သည့် StoreDot ကုမ္ပဏီသည် ရုရှဘီလျံနာသူဌေးနှင့် ချယ်ဆီးဘောလုံးကလပ်ပိုင်ရှင် ရိုမန်အဘရာမိုဗစ်လည်း အရင်းအနှီးထည့်ဝင်မြုပ်နှံထားသည့် ကုမ္ပဏီဖြစ် သည်။

Ref: Mail Online

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly