နောင် နှစ်ဆယ့်ငါးနှစ်အတွင်း ပလတ်စတစ်အမှိုက် ကင်းစင်ရမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

နောင် နှစ်ဆယ့်ငါးနှစ်အတွင်း ပလတ်စတစ်အမှိုက် ကင်းစင်ရမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

လန်ဒန်၊ ဇန်နဝါရီ ၁၁ ။       ။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အစိုးရ၏ သဘာဝပတ်ဝန်းကျင်မဟာဗျူဟာတစ်ရပ်အဖြစ် နောင်နှစ်ဆယ့်ငါးနှစ်အတွင်း မလိုလားအပ်သော ပလတ်စတစ်အမှိုက်များအားလုံး ကင်းစင်စေရမည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ကတိပြုပြောကြားသည်။

ဝန်ကြီးချုပ်၏ စီမံကိန်းအပိုင်းတစ်ရပ်အရ စူပါမားကတ်များသည် ပလတ်စတစ်မထုပ်ပိုးသော ထုတ်ကုန်များကို တင်ထားရောင်းချခြင်းဖြင့် ပလတ်စတစ်ကင်းစင်ရေး ချီတက်သွားရေး တိုက်တွန်းသွားမည်ဖြစ်သည်။

လက်လီအရောင်းအားလုံးသည် ပလတ်စတစ်အိတ်များ သုံးစွဲပါက အခွန်အဖိုးအခအဖြစ် ပေါင် ငါးဆင့်(အမေရိကန်ဒေါ်လာ ခုနစ်ဆင့်) ပေးဆောင်ရမည်လည်း ဖြစ်သည်။

ထိုသို့ ပေးဆောင်ခြင်းမရှိပါက ဆိုင်ငယ်များပါအပါ ပိတ်သိမ်းခံရမည်ပဲ ဖြစ်သည်။

ပင်လယ်နှင့် မြစ်များကို ဒုက္ခပေးနေသော တစ်ခါသုံး ပလတ်စတစ်ပြဿနာက “ကျွန်မတို့ ခေတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးဒုက္ခကြီးတစ်ရပ်ပဲဖြစ်တယ်။”ဟု ထရီဆာမေက ပြောသည်။

“ဗြိတိန်တစ်နိုင်ငံတည်းမှာပဲ တစ်ခါသုံး ပလတ်စတစ်စွန့်ပစ်အမှိုက်ပမာဏဟာ နှစ်စဉ် ဟောခန်းမကြီး တစ်ထောင်ကို ဖြည့်သိပ်ထားနိုင်တဲ့ ပမာဏ ထွက်ရှိနေပါတယ်။”ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် နိုင်ငံတကာတွင် သြဇာရှိသော ဗြိတိန်၏ ပုံရိပ်ကို ကမ္ဘာ့တစ်လွှား အပြုသဘောဆောင် ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန်အတွက် အသုံးပြုဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly