တင်းမာမှုများ ပြေလျော့အောင် တောင်ကိုရီးယားက အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုများကို ရှောင်ကြဉ်ရန် မြောက်ကိုရီးယား တိုက်တွန်း

တင်းမာမှုများ ပြေလျော့အောင် တောင်ကိုရီးယားက အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှုများကို ရှောင်ကြဉ်ရန် မြောက်ကိုရီးယား တိုက်တွန်း

ဆိုးလ်၊ ဇန်နဝါရီ ၁၁ ။           ။ တောင်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရှောင်ကြဉ်ရန် မြောက်ကိုရီးယားဖက်က ဇန်နဝါရီ ၁၁ ရက်တွင် တိုက်တွန်းပြောဆိုသည်။

ထိုစစ်ရေးလေ့ကျင့်မှုများက စစ်ရေးဘေးအန္တရာယ်များ တိုးများစေပြီး ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများကို မီးလောင်ရာ လေပင့်ပေးနေခြင်း ဖြစ်ကြောင်း ဆိုကာ မြောက်ကိုရီးယားက တိုက်တွန်းခြင်း ဖြစ်သည်။

“တောင်ကိုရီးယား အာဏာပိုင်တွေက အမှန်ပဲ တည်ငြိမ်ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် လူမျိုးတူညီအစ်ကိုတွေကို ဆန့်ကျင်နေတဲ့ အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပထမဆုံး ရပ်ပစ်ရမှာ ဖြစ်တယ်။”ဟု မြောက်ကိုရီးယား အလုပ်သမားပါတီ၏ သတင်းစာက ရေးသားသည်။

ထိုစစ်ရေးလေ့ကျင့်မှုများက အန္တရာယ်လမ်းကြောင်းအတွင်း ကိုရီးယားကို တွန်းပို့နေသည့် အဓိကရင်းမြစ်ဖြစ်ပြီး အခြေအနေများ မထင်မှတ်ထားသည်များ ဖြစ်ပေါ်လာစေနိုင်ကြောင်း ယင်းသတင်းစာက ဆိုသည်။

ဇန်နဝါရီ ၉ ရက်က သမိုင်းဝင် တွေ့ဆုံဆွေးနွေးမှုတွင် ရရှိခဲ့သည့် သဘောတူညီချက်အရ စစ်ရေးဆွေးနွေးပွဲများ နှစ်နိုင်ငံ ပြန်လည်စတင်နိုင်ချိန်တွင် ထိုစစ်ရေးလေ့ကျင့်မှုကိစ္စရပ်အပေါ်   ဆွေးနွေးနိုင်ရေး မျှော်လင့်ကြောင်း ဖော်ပြထားသည်။

နောက်ထပ် နှစ်နိုင်ငံကြား ဆွေးနွေးပွဲရက်ကို ယခုသီတင်းပတ်နှောင်းပိုင်းအတွင်း တောင်ကိုရီးယားဖက်က ကြေညာရန် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly