စာဗူးတောင်းလို ရှုပ်ထွေးနေသော ဓာတ်ကြိုးများကို ရှင်းကာ ဘန်ကောက်ကို ကြိုးမဲ့မြို့တော်အဖြစ် အဆင့်မြှင့်မည်

စာဗူးတောင်းလို ရှုပ်ထွေးနေသော ဓာတ်ကြိုးများကို ရှင်းကာ ဘန်ကောက်ကို ကြိုးမဲ့မြို့တော်အဖြစ် အဆင့်မြှင့်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၁၁ ။          ။ ဘန်ကောက်မြို့တော် ကြိုးမဲ့လမ်းစီမံကိန်းအားဖြင့် မြို့၏ နာမည်ဂုဏ်ကို မကြာမီ ထပ်မံမြင့်မားစေဖွယ်ရာ ရှိနေသည်။

ထိုင်းမြို့တော် ဘန်ကောက်က လမ်းအများစုသည် လျှပ်စစ်ဓာတ်ကြိုးများ၊ ဖုန်းကေဘယ်ကြိုးများဖြင့် တန်ဆာဆင်ထားသည့် လမ်းမကြီးများအဖြစ် ရှိနေခြင်းပဲ ဖြစ်သည်။

သို့သော် ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့သော ထိုင်းစစ်အစိုးရက မြို့ပြပြန်လည်ဆန်းသစ်မှု စီမံကိန်းတစ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် အဆိုပါ ဓာတ်ကြိုးနှင့် ဖုန်းကြိုးများကို မြေအောက်ကြိုးလိုင်းများအဖြစ် ရွှေ့ပြောင်းကာ စာဗူးတောင်းပမာ လမ်းမထက်က ဓာတ်ကြိုးများ အရှုပ်အထွေးကို ဖြေရှင်းနေပြီ ဖြစ်သည်။

ထိုကဲ့သို့ လုပ်ဆောင်လာရခြင်းရည်ညွန်ချက်သည် ဘန်ကောက်မြို့တော်တွင် ပိုမိုဘေးကင်းရေးအတွက် သက်သက်သာ မဟုတ်ဘဲ မြင်ကွင်းရှင်းလင်းရန်နှင့် ဖြစ်လေ့ဖြစ်ထရှိသော မီးပျက်မှုများ နည်းပါးသွားရန်အတွက်လည်း ဖြစ်သည်။

ထိုသို့ ဖော်ဆောင်မှုကို ကြိုးမဲ့လမ်းစီမံကိန်းအဖြစ် အမည်ပေးထားကာ အစောပိုင်းလုပ်ငန်းစဉ်အဖြစ် မြို့တွင်းလမ်း ဒါဇင်များစွာရှိ ဓာတ်ကြိုးများကို မြေအောက်သို့ ပြောင်းပို့မည်ဖြစ်သည်။

ဗဟိုကွန်ရက်လမ်းမကြီးသဖွယ်ဖြစ်နေသော Sukhumvit လမ်းမကြီးတစ်လျှောက် ဓာတ်ကြိုးများကို နိုဝင်ဘာလကစပြီး စီမံကိန်းအားဖြင့် ရှင်းလင်းထားပြီး ဖြစ်သည်။

“ဒီလမ်းမကြီးက တကယ်စီးပွားအချက်အချာကျ လမ်းမကြီးပါ။ ပတ်လည်မှာ နိုင်ငံခြားသားတွေ နေထိုင်တယ်။ ဟိုတယ်တွေ ရှိနေတယ်။ ဒီလမ်းမကြီး ရှင်းရှင်းလင်းလင်းနဲ့ လှလှပပ ဖြစ်နေတာ သူတို့ မြင်ရင် ကမ္ဘာကို သတင်းပျံ့စေမှာ ဖြစ်တယ်။”ဟု ဘန်ကောက်မြို့တော်လျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ ပရာဆွန့်က အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly