အနီရောင်လေးတဲ့လား

အနီရောင်လေးတဲ့လား

 

 

ခေါင်းစဉ်လေးဖတ်ပြီး သို့လောသို့လော တွေးနေကြပြီလား သူငယ်ချင်းတို့ရေ။ အနီရောင်လေးက ဘယ်သူလဲဆိုတော့ သူငယ်ချင်းတို့ ရင်ဘက်ထဲက အနီရောင်လေးဖြစ်မှာပါ။ ဘယ်ကလဲဆိုပြန်တော့ ဒီအနီရောင်လေးက ဒီအွန်လိုင်းမှာပဲ သူငယ်ချင်းတို့နဲ့ အရင်းနှီးဆုံးဖြစ်ခဲ့တာလေ။

ဒါဆိုရင် “သူကဘူလေးလဲ”ဆိုတာ အချစ်ဆုံးတွေ ခန့်မှန်မိကြပြီလား။ ဒီအနီရောင်လေးကြောင့် အတွင်းကြေသွားတဲ့ သူငယ်ချင်းတို့ ရှိမယ်ဆိုရင်လည်း လက်ကလေး ငါးချောင်းထောင်ပြီး Fighting ပါလို့ အားပေးလိုက်ပါရစေ။ ဒါဆိုရင် သူငယ်ချင်းတို့ သိလောက်ပါပြီ။ Fighting မှာပါတဲ့ Fရယ် နောက်တစ်ခါ 5 ရယ်ပေါင်းလိုက်တော့ F5 ပေါ့။ ဘယ်ကလဲကိုပြန်ကောက်ရရင် OPPO ကပါ။ အားလုံးပေါင်းတော့ OPPO F5။ ဘယ်လောက်လဲဆိုတာကို အတိအကျ ပြောရရင် ၃၈၉,ဝဝဝကျပ်ပါ။ OPPO F5 က ဘာအရောင်လေးလဲလို့ မမေးကြေး။ ဒါပေမဲ့ နည်းနည်းတော့ပြောလိုက်မယ် အနီရောင်လေးပါ။

  OPPO F5 RED ဝယ်ရင် ဘာတွေရမှာလဲဆိုတဲ့ သူငယ်ချင်းတို့ဖတ်ဖို့

Pre-order ကြိုတင်မှာမယ်ဆိုရင် OPPO အမှတ်တံဆိပ်ပါ ကျောပိုးအိတ်လေး တစ်လုံးရပါမယ်။ အခု ဇန်နဝါရီ ၁၃ရက်ကနေ ၁၉ရက်အထိ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့ OPPO အရောင်းဆိုင်တွေမှာ ငွေ၃ဝ,ဝဝဝစရံပေးပြီး ကြိုတင်မှာထားနိုင်ပါတယ်။ ဇန်နဝါရီ ၂ဝ မှာဆိုရင်တော့ ကိုယ်ကြိုတင်မှာထားတဲ့ OPPO F5 RED ကို သွားရောက် ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ကြိုတင်မမှာဖြစ်လိုက်တဲ့သူတွေ အတွက်ဆိုရင်

ဇန်နဝါရီ ၂ဝရက်နေ့မှ OPPO F5 RED ကိုစတင်ဝယ်ယူကြမယ့်သူတွေအနေနဲ့လည်း Speaker နဲ့ Water Bottle တို့ လက်ဆောင်အဖြစ်ရရှိပါမယ်။

 12GB Telenor Package က အားလုံးအတွက်

OPPO F5 RED ဝယ်ယူသူအားလုံးအတွက်က တစ်လမှာဖုန်းဘီလ် ၅ဝဝဝ အနည်းဆုံးဖြည့်တာနဲ့ 2GB Telenor Package ကို ၆လဆက်တိုက် စုစုပေါင်း 12GB အထိရရှိမှာပါ။

ဦးရာလူ RED ကိုယူ

OPPO F5 RED က OPPO F5 Gold နဲ့ Black လိုမျိုးအများကြီး မရနိုင်ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေအတွက် ကန့်သတ်ထားလို့ ဦးရာလူကပဲ OPPO F5 RED ကို ဝယ်ယူနိုင်မှာဖြစ်လို့ မြန်မြန်ပြေးဝယ်မှ စိတ်ချရပါလိမ့်မယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly