စိတ်ခံစားမှုအမျိုးမျိုးကို ပြသနိုင်စွမ်းရှိ နည်းပညာမြင့် စက်ရုပ်ခွေးကို Sony မိတ်ဆက်ပြသ

စိတ်ခံစားမှုအမျိုးမျိုးကို ပြသနိုင်စွမ်းရှိ နည်းပညာမြင့် စက်ရုပ်ခွေးကို Sony မိတ်ဆက်ပြသ

ဇန်နဝါရီ ၁၁ ။          ။ Artificial intelligence (AI) နည်းပညာ ထည့်သွင်းပါရှိတဲ့ နည်းပညာမြင့် စက်ရုပ်ခွေးသစ် တစ်မျိုးကို ဂျပန်အီလက်ထရောနစ် ကုမ္ပဏီကြီး Sony က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ဖော်ပြသသွားပါတယ်။

ယင်းထုတ်ဖော်ပြသပွဲမှာတော့ ဗူးထဲကနေ ထုတ်ပြီးပြီးချင်းမှာပဲ နိုးထလာတဲ့ aibo အမည်ရ ယင်းစက်ရုပ်ခွေးဟာ ယင်းရဲ့ ခေါင်းနဲ့ အမြီးကို ပရိသတ်ဘက်လှည့်ပြီး လှုပ်ပြခဲ့တာကိုပါ တွေ့ရမှာဖြစ်ပါတယ်။

အရှည် ၃၀ စင်တီမီတာ ရှိ Sony စက်ရုပ်ခွေးမှာတော့ ဖတ်လက်ကျနေတဲ့ နားရွက်၊ မျက်စိ တို့ ပါရှိပြီး အမျိုးမျိုးသော စိတ်ခံစားမှုတွေကို ထုတ်ပြနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ ယင်း ခွေးစက်ရုပ်ကတော့ လူတွေကို ကပြဖျော်ဖြေနိုင်သလို ယင်းရဲ့ ပိုင်ရှင် မိသားစုဝင်တွေကိုလည်း အလွယ်တကူ မှတ်မိနိုင်တယ်လို့ သိရပါတယ်။

Aibo မှာတော့ အာရုံခံကိရိယာတွေ၊ ကင်မရာတွေ၊ မိုက်ခရိုဖုန်းတွေ တပ်ဆင်ထားသလို အင်တာနက်လည်း ချိတ်ဆက်ရရှိမှာဖြစ်ပါတယ်။

ယင်းခွေးပိုင်ရှင်အနေနဲ့ စမတ်ဖုန်းနဲ့တောင် အဝေးကနေလှမ်းပြီး ခွေးနဲ့ ကစားလို့ ရနိုင်ပါသေးတယ်။ ယင်းမှာတော့ လူတွေနဲ့ အပြန်အလှန် ဆက်သွယ်နိုင်မယ့် character တစ်ခု ထည့်သွင်းဖန်တီးထားတာကြောင့် Aibo ဟာ ယင်းကို အလေးထားဆက်ဆံသူတွေနဲ့အကြား ပိုပြီး ရင်းနှီးစွာ ပြုမူနိုင်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags