ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သမိုင်းဓါတ်ပုံပြပွဲနှင့်ပန်းချီပြပွဲ ပြုလုပ်မည်

ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် သမိုင်းဓါတ်ပုံပြပွဲနှင့်ပန်းချီပြပွဲ ပြုလုပ်မည်

 

မန္တလေး၊ဇန်နဝါရီ ၁၀ ။                ။ ဗိုလ်ချုပ်အောင်ဆန်း ၁၀၃ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် သမိုင်းမှတ်တမ်းဓါတ်ပုံပြပွဲနှင့် ပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအိမ်ရာ၊ အနုပညာလမ်းရှိ "သီရိ" အနုပညာပြခန်းတွင် ပြုလုပ်သွားမည်ဟု ပြပွဲစီစဉ်သူ ဦးပုညဆွေက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ထားသောကြောင့် သမိုင်းမှတ်တမ်း ဓါတ်ပုံပြပွဲနှင့်ပန်းချီပြပွဲနေ့တွင် ကလေးများအတွက်   ပျော်ပွဲ၊ရွှင်ပွဲများနှင့်စတုဒီတာ   ကျွေးမွေးခြင်းများလည်း လုပ်ဆောင်သွားမည်ဟု ဦးပုညဆွေကဆိုသည်။

ပြပွဲသို့ပါဝင် ပြသကြမည့် ပန်းချီပညာရှင်များနှင့်သမိုင်းမှတ်တမ်းဓါတ်ပုံများ ပေးပို့ပြသကြမည့် သူများအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်၊နောက်ဆုံးထား၍ "သီရိ"အနုပညာပြခန်းသို့ ပေးပို့နိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly