အကောင်းဆုံးဘောလုံးသမားဆုအဖြစ် အင်တာနက်ဒေတာ 5 GB ရသွားတဲ့ ဘောလုံးသမား

အကောင်းဆုံးဘောလုံးသမားဆုအဖြစ် အင်တာနက်ဒေတာ 5 GB ရသွားတဲ့ ဘောလုံးသမား

 

ဇန်နဝါရီ ၁၀၊ တောင်အာဖရိက ။              ။ တောင်အာဖရိက ဘောလုံးပွဲစဉ်တစ်ခုမှာ Mamelodi Sundowns အသင်းရဲ့ ကစားသမားတစ်ဦးဟာ ပွဲစဉ်အလိုက် အကောင်းဆုံးဘောလုံးသမားဆုအဖြစ် အင်တာနက်ဒေတာ 5 GB ရရှိခဲ့ပါတယ်။

ဘောလုံးလောကမှာ အကောင်းဆုံးဆုပေးတယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ အာဖရိကနိုင်ငံတွေမှာတော့ ပြိုင်ပွဲကို စပွန်ဆာပေးတဲ့ ကုမ္ပဏီတွေအပေါ်မူတည်ပြီး အကောင်းဆုံးဆုတွေက ကွဲပြားထူးခြားနေလေ့ရှိပါတယ်။

ဂါနာလိဂ်ပြိုင်ပွဲတွေမှာဆိုရင် ကြိုးသိုင်းဖိနပ်ပေးတာမျိုးတွေတောင်ရှိခဲ့သလို ဘော့စ်ဝါနာနိုင်ငံမှာဆိုရင်လည်း ဘီယာတွေ မုန့်တွေ စတဲ့ စားသောက်ကုန်တွေပေးလေ့ရှိကြပါတယ်။

အခုတော့ အင်တာနက်ဒေတာ5 GB ပေးတယ်ဆိုတာက ကမ္ဘာ့ဘောလုံးလောကမှ ပထမဆုံးတောင် ဖြစ်ဖို့ ရှိပါတယ်။ တောင်အာဖရိကနိုင်ငံမှာ အင်တာနက်ဈေးနှုန်းတွေက ကြီးမြင့်ပြီး အကန့်အသတ်နဲ့သာ သုံးစွဲနေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဒါကြောင့် အခုလို ဆုရရှိခဲ့တဲ့ ဘောလုံးသမားဟာ ကံကောင်းသူဖြစ်ပြီး မနာလိုသူတွေတောင် ရှိနေကြတယ်လို့ fourfourtwo မှာ ဖော်ပြထားပါတယ်။

ရည်ညွှန်း ဖိုးဖိုးတူး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly