ဆီနီဂေါတွင် မိန်းမလျာ ခုနစ်ဦးကို လိင်တူဆက်ဆံမှုဖြင့် ထောင်ခြောက်လချ

ဆီနီဂေါတွင် မိန်းမလျာ ခုနစ်ဦးကို လိင်တူဆက်ဆံမှုဖြင့် ထောင်ခြောက်လချ

ဆီနီဂေါနိုင်ငံတွင်  လိင်တူဆက်ဆံသည်ဟု အပြစ်တွေ့ရှိသည့်အတွက် မိန်းမလျာခုနစ်ဦးအား ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်။

ဒါကာရှိ တရားရုံးက ရဲက လိင်ဆက်ဆံနေစဉ် ဖမ်းဆီးလာသည့် မိန်းမလျာများကို ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဖမ်းခံရသူများထဲမှ တစ်ဦး၏မိခင်ဖြစ်သူက သူ၏သားဖြစ်သူသည် မိန်းမလျာတစ်ဦးဖြစ်သည်မှာ အမှန်ဖြစ်သည်ဟု အာဏာပိုင်များကို ပြောသော်လည်း တရားရုံးတွင် လာရောက်သက်သေ   ထွက်ဆိုပေး ခဲ့ခြင်းမရှိပေ။

အနောက်အာဖရိကနိုင်ငံ ဆီနီဂေါတွင် လိင်တူဆက်ဆံခြင်းကို တားမြစ်ထားပြီး ထောင်ဒဏ်ငါးနှစ်နှင့် ငွေဒဏ် ဒေါ်လာ ၂၅၀၀ အထိ ချမှတ်အပြစ်ပေးနိုင်သည်။

မိခင်ဖြစ်သူ လာရောက်သက်သေထွက်ဆိုခြင်းမရှိသဖြင့် ယခုအမှုသည် ပျက်ပြယ်သင့်ကြောင်း တရားခံရှေ့နေက ပြောသည်။

ဆီနီဂေါနိုင်ငံတွင် လူဦးရေ၏ ၉၅ ရာခိုင်နှုန်းသည် မွတ်စလင်များဖြစ်ပြီး လိင်တူဆက်ဆံသူများအနေဖြင့် ကွယ်ပုန်းကာ ၎င်းတို့၏ အဖြစ်ကို လူသိမခံဘဲ ဆက်ဆံကြရခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly