ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးသမား ထိပ်ဆုံး (၄၀) ဦး စာရင်းထဲ စီရော်နယ်လ်ဒို ပါဝင်နိုင်ခြင်း မရှိ

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးသမား ထိပ်ဆုံး (၄၀) ဦး စာရင်းထဲ စီရော်နယ်လ်ဒို ပါဝင်နိုင်ခြင်း မရှိ
(ဓာတ်ပုံ - အီးပီအေ)

ဘောလုံးသုတေသနအဖွဲ့အစည်း CIES မှ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးသမား (၁၀၀) ဦး စာရင်းကို နေမာ၊ မက်ဆီနှင့် ဟာရီကိန်းတို့က အဆင့်လိုက် အသီးသီး ဦးဆောင်နေချိန်မှာ လက်ရှိကမ္ဘာ့အကောင်းဆုံးဆုရှင် စီရော်နယ်လ်ဒိုတစ်ယောက် ထိပ်ဆုံး (၄၀) ဦး စာရင်းထဲ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြောင်းရွှေ့ကြေးတန်ဖိုး ယူရို ၈၀.၄ သန်းဖြင့် ဥရောပထိပ်သီး (၅)လိဂ်မှာ တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် အဆင့် ၄၉ နေရာသာ ချိတ်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ထိပ်ဆုံး ၄၀ ဦးစာရင်းမှာ ၂၀၁၇ ခုနှစ်အတွင်း ဆုဖလားအောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှ ကစားသမားတစ်ဦးမျှ မပါဝင်ခဲ့တာကို တွေ့ရပါတယ်။

ပီအက်ဂျီ ကစားသမား နေမာက ယူရို ၂၁၃ သန်း တန်ကြေးဖြင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးသမားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဘာစီလိုနာမှ မက်ဆီ (ယူရို ၂၀၂.၂ သန်း) ဖြင့် ဒုတိယနှင့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း (ယူရို ၁၉၄.၇ သန်း)ဖြင့် တတိယနေရာတို့မှာ ရပ်တည်နေပါတယ်။

CIES က ဥရောပထိပ်သီးလိဂ် (၅)ခုရှိ တန်ဖိုးအမြင့်ဆုံး ၁၀၀ ဦး စာရင်းကို “အသက်၊ ကစားတဲ့နေရာ၊ စာချုပ်သက်တမ်း၊ စွမ်းဆောင်ရည်၊ နိုင်ငံအသင်းအချက်အလက်များအပေါ် မူတည်ပြီး တွက်ချက်ခဲ့တာဖြစ်ပါတယ်။

ထိပ်ဆုံး (၁၀) စာရင်းမှာ ပရီးမီးယားလိဂ်မှ ကစားသမား (၅) ဦးအထိ နေရာယူထားတာကို တွေ့ရပါတယ်။

ဘောလုံးသုတေသနအဖွဲ့အစည်း CIES ရဲ့ အခုထွက်ရှိခဲ့တဲ့ ထိပ်ဆုံးစာရင်းဟာ ပြီးခဲ့တဲ့ တစ်နှစ်က စာရင်းနဲ့တော့ ကွဲပြားခြားနားတဲ့ စာရင်းတော့ မဟုတ်ခဲ့ပါဘူး။

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ထိပ်ဆုံး (၁၀) ဦးစာရင်း
၁။ နေမာ (PSG၊ ယူရို ၂၁၃ သန်း)
၂။ မက်ဆီ(ဘာစီလိုနာ၊ ယူရို ၂၀၂ ဒသမ ၂ သန်း)
၃။ ဟာရီကိန်း(စပါး၊ ယူရို ၁၉၄.၇ သန်း)
၄။ ဘာပေ(PSG၊ ယူရို ၁၉၂ ဒသမ ၅ သန်း)
၅။ ဒီဘားလား(ဂျူဗင်တပ်စ်၊ ယူရို ၁၇၄ ဒသမ ၆ သန်း)
၆။ အယ်လီ(စပါး၊ ယူရို ၁၇၁ ဒသမ ၃ သန်း)
၇။ ဒီဘရိုင်းနား (မန်စီးတီး၊ ယူရို ၁၆၇ ဒသမ ၈ သန်း)
၈။ လူကာကူ (မန်ယူ၊ ယူူရို ၁၆၄ ဒသမ ၈ သန်း)
၉။ ဂရစ်ဇ်မန်း (အက်သလက်တီကို၊ ယူရို ၁၅၀ ဒသမ ၂ သန်း)
၁၀။ ပေါ့ဘာ(မန်ယူ၊ ယူရို ၁၄၇ ဒသမ ၅ သန်း)

စာရင်းအပြည့်အစုံကြည့်ရန် - http://www.football-observatory.com/IMG/sites/b5wp/2017/209/en/

Ref; Bleacher Report

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags