ပုံတူ ကက်ထူစက္ကူချပ်ပြားတစ်ချပ်ကို ပြောရေးဆိုခွင့်ရှိသူ တာဝန်ပေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

ပုံတူ ကက်ထူစက္ကူချပ်ပြားတစ်ချပ်ကို ပြောရေးဆိုခွင့်ရှိသူ တာဝန်ပေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

ဇန်နဝါရီ ၉ ။            ။ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကတော့ ထူးထူးခြားခြားပဲ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ရှောင်ရှားနိုင်ဖို့အတွက် ထူးဆန်းတဲ့ နည်းတစ်ခုကို အသုံးပြုသွားခဲ့ပါတယ်။ ဒါကတော့ သတင်းထောက်တွေ မေးမယ့် မေးခွန်းတွေကို သူ့ကိုယ်စား သူ့ပုံတူ ကတ်ထူပြားတစ်ချပ်ကို ဖြေခိုင်းခဲ့တာပဲဖြစ်ပါတယ်။ ယင်းအတွက်ကြောင့်လည်း တက်ရောက်လာသူ သတင်းသမားတွေ ကြောင်တောင်တောင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ၀န်ကြီးချုပ် ပရာယွတ်ဟာ ဘန်ကောက်မြို့က  အစိုးရအိမ်တော်အပြင်ဘက်မှာ ပရိသတ်နဲ့ ခေတ္တတွေ့ဆုံ စကားပြောခဲ့ပါတယ်။ အဲဒီလို စကားပြောပြီးချိန်မှာပဲ  သတင်းထောက်ကနေ မေးလာမယ့် မေးခွန်းတွေကို ရှောင်ဖို့ လုပ်သွားခဲ့ပါတယ်။ ဒါကတော့ သူ့ပုံတူ ကတ်ထူစက္ကူချပ်တစ်ချပ်ကို မိုက် ရှေ့မှာ ထောင်ထားပေးခဲ့ပြီး ထထွက်သွားခဲ့တာဖြစ်ပါတယ်။

" ခင်ဗျားတို့ နိုင်ငံရေးနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ပဋိပက္ခကိစ္စတွေနဲ့ပဲဖြစ်ဖြစ် တကယ်လို့ သိချင်တာတွေရှိရင်တော့ ဒီလူ့ကိုသာ မေးလိုက်တော့" ဆိုပြီး မစ္စတာ ပရာယွတ်က ၎င်းပုံစံတူ စက္ကူချပ်တစ်ချပ်ကို ညွန်ပြပြီး ထွက်သွားခဲ့တာဖြစ်ပါတယ်။

မစ္စတာ ပရာယွတ်ဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ယင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပြီး  ယင်းနောက် ၀န်ကြီးချုပ် အဖြစ် တာဝန်ယူလုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။

၎င်း ဦးဆောင်တဲ့ အစိုးရအနေနဲ့ နိုင်ငံမှာ ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပပေးမယ်ဆိုပြီး ကတိပြုခဲ့ပေမယ့် ရွေးကောက်ပွဲကျင်းပမယ့် ကာလသတ်မှတ်ချက်ကို ထပ်ခါတလဲလဲ နောက်ဆုတ်တာတွေ ပြုလုပ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly