သားသား၊ မီးမီးလေးတွေကို ငွေစုချင်လာအောင် ဘယ်လိုလုပ်မလဲ

သားသား၊ မီးမီးလေးတွေကို ငွေစုချင်လာအောင် ဘယ်လိုလုပ်မလဲ

သားငယ် သမီးငယ်တို့အတွက် ဆိုရိုးစကား တစ်ခုရှိပါတယ် အဲ့ဒါကတော့ “လက်ဦးဆရာ မည်ထိုက်စွာ ဗုပ္ပါစရိယ မိနှင့်ဖ” ဆိုတဲ့စကားပါပဲ။ ကလေးတွေရဲ့ လက်ဦးဆရာဟာ အဖေနဲ့အမေလို့ ဆိုလိုရင်းပါပဲ။ ဒါကြောင့် သားငယ် သမီးငယ်တို့ လိမ္မာဖို့ ညအိပ်ရာပုံပြင်တွေကို လူကြီးမိဘတွေက ပြောပြလေ့ရှိပါတယ်။ ပုံပြင်တွေထဲမှာ အတုယူစရာတွေ၊ အားကျစရာတွေ၊ ရှောင်ဖို့နဲ့ ဆောင်ဖို့တွေပါလာတတ်တာမို့ သားငယ်သမီးငယ်တို့အတွက် လိမ္မာရေးခြားရှိဖို့ ငယ်စဉ်က ညအိပ်ရာဝင် ပုံပြင်လေးတွေဟာ အရေးပါခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ပြောင်းလဲလာတဲ့ ခေတ်တွေ စနစ်တွေအရ ညအိပ်ရာပုံပြင်တွေကို မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာတွေက ပြောပြနေပါပြီ။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ သားငယ် သမီးငယ်လေးတွေဟာလည်း မိုဘိုင်းဖုန်း၊ ကွန်ပျူတာတွေနဲ့ မစိမ်းတော့ပါဘူး။ အင်တာနက်မှာ ကလေးငယ်တွေအတွက် ဗဟုသုတရစေမယ့် ကာတွန်းလေးတွေ၊ အတုယူစရာ ပုံပြင်လေးတွေအများသားမို့ ကလေးတို့အတွက် အလွန်အသုံးဝင်တဲ့ ပုံပြင်လေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။

ဒီတစ်ပတ်မှာတော့ ငွေကို စနစ်တကျ စုဆောင်းတတ်တဲ့ ပရူဒန့်စ် ဆိုတဲ့ကောင်မလေးနဲ့ ငွေကို ရတိုင်းသုံးတဲ့ ဘော်ဘီဆိုတဲ့ ကောင်လေးအကြောင်း ပြောပြချင်ပါတယ်။ ဒီပုံပြင်လေးမှာ အရူဒန့်စ်ဟာ ငွေစုဆောင်းတတ်သူဖြစ်ပြီး ဘော်ဘီ ဆိုတဲ့ ကောင်လေးကတော့ သူရသမျှ မုန့်ဖိုးတွေကို ရရ သုံးသုံး လုပ်နေသူလေးပေါ့။ ဘော်ဘီလေးဟာ အရုပ်ကလေးတွေလည်း ဝယ်လိုက်တာပဲ၊ ကားလေးတွေလည်း ဝယ်တာပဲ။ ကစားစရာ ကဒ်တွေနဲ့ အရုပ်တွေကိုလည်း သူဝယ်တာပဲ။ ဒါပေမယ့် ပရူဒန့်စ် လေးကတော့ ဒီလိုမဟုတ်ပါဘူး။

ဘော်ဘီ “ပရူဒန့်စ် နင်က အမြဲတမ်း ငွေစုတဲ့အကြောင်းပြောတယ် နင်လိုချင်တဲ့ ပစ္စည်းဆို ပုံလေးတွေ တွေ့လိုက်ပြီး မကြာဘူး တစ်လမပြည့်ခင် နင့်လက်ထဲရောက်လာတာပဲ။ ဘယ်လိုလုပ်လိုက်တာလဲ”

ပရူဒန့်စ် “ငါက ငါလိုချင်တဲ့ဟာတွေကို အစီအစဉ်ဆွဲပြီးဝယ်တာ”

ဘော်ဘီ “ငါလည်း လုပ်လို့ရင် ကောင်းမှာပဲ”

ဒီလိုနဲ့ ပရူဒန့်စ်လေးဟာ ဘော်ဘီလေးကို ငွေစုနည်း သင်ပေးပါတော့တယ်။ ငွေရဖို့အတွက် တကယ်ကြိုးစား အလုပ်လုပ်ပေမယ့် လိုချင်တဲ့ဟာတွေအတွက် စိတ်ကြိုက်ငွေကို သုံးရင် စုဗူးပြောင်မယ့်အကြောင်း ပြောပြပါတယ်။ ငွေတွေ တိုးပွားဖို့အတွက် အသုံးကြီးတဲ့ အကျင့်ကို ဖျောက်ဖို့ ဘော်ဘီလေးကိုပြောပြပါတယ်။ ဒီလိုနဲ့ ဘော်ဘီလေးလည်း ငွေကို အရင်လိုမသုံးဘဲ ရည်မှန်းချက်ထားပြီး စုဆောင်းတတ်လာပါတော့တယ်။

ဒီပုံပြင်လေးမှာ ကလေးတွေငွေစုတတ်စေဖို့၊ ရည်တို၊ ရည်ရှည်ရည်မှန်းချက်တွေ ထားတတ်ဖို့သင်ပေးထားပါတယ်။ သားသားမီးမီးလေးတွေကို ငွေစုဆောင်းတတ်စေဖို့ ဒီရုပ်သံလေးကို ညအိပ်ရာဝင်ခါနီးတိုင်း ဖွင့်ပြမယ်ဆိုရင် သူတို့လေးတွေ ကောင်းတဲ့ အမူအကျင့်လေးတွေ ငယ်ငယ်တည်းက ရှိလာမှာဖြစ်ပါတယ်။ ဒီလို အစီအစဉ် ကောင်းလေးတွေကို မကြာခင်မှာ ထုတ်လွှင့်တော့မယ့် Mizzima TV မှာ ပြသမှာမို့ စောင့်မျှော်ကြည့်ရှု့ဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags