NEWS FLASH:  ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာအပေါ် အရေးယူရန်မရှိဟု အဂတိကော်မရှင် ဆုံးဖြတ်

YOPE ရုပ်/သံ Mizzima English

နာမည်ကျော် Super Bowl ပြိုင်ပွဲ၌ နိုင်ငံတော်သီချင်းသီဆိုပေးမည့် Pink

.

နာမည်ကြီးအမျိုးသမီးအဆိုတော် Pink သည် လာမည့်ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် မင်နီဆိုတာပြည်နယ် မီနီယာပိုလစ်မြို့၌ကျင်းပမည့် အမေရိကန်ဘောလုံးပြိုင်ပွဲ Super Bowl တွင် နိုင်ငံတော်သီချင်းသီဆိုပြီး အခမ်း အနားဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

Super Bowl စင်မြင့်ပေါ်၌ သီချင်းသီဆိုဖျော်ဖြေပေးမှုသည် ဂရမ်မီဆုရှင် Pink အတွက် ပထမဦးဆုံး အတွေ့ အကြုံတစ်ခုဖြစ်ပြီး လုခ်ဘရိုင်ယန်၊ လေဒီဂါဂါနှင့် အိုင်ဒီနာမန်ဇယ်တို့သည်လည်း မကြာသေးခင်နှစ်များက ယင်းပြိုင်ပွဲ၌ သီဆိုဖျော်ဖြေပေးခဲ့ဖူးသည်။

အမေရိကန်ဘောလုံးအဖွဲ့ချုပ်သည် မကြာသေးခင်ကလည်း Super Bowl ပြိုင်ပွဲ၏ ပွဲဝက်ရပ်နားချိန်တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲ၌ ဂျက်စတင်တင်ဘာလိတ်ခ်က သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်းကို   ကြေညာပေးခဲ့သည်။

Super Bowl ပြိုင်ပွဲသည် အမေရိကန်၌ ရုပ်သံမှကြည့်ရှုသူ ပရိသတ်အများဆုံးရှိသော ဘောလုံးပြိုင်ပွဲတစ်ခုဖြစ် ပြီး ရုပ်သံမှတိုက်ရိုက်ကြည့်ရှုသူပေါင်း သန်း ၁၀၀ ကျော်ခန့်အထိရှိသလို ပြိုင်ဆိုင်မှုပြင်းထန်လှသော ဘောလုံး ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

Ref: Reuters

Tags: