သြစတြေးလျတွင် ပထမဆုံး လိင််တူမင်္ဂဆောင်ပွဲ တရားဝင် ကျင်းပ

သြစတြေးလျတွင် ပထမဆုံး လိင််တူမင်္ဂဆောင်ပွဲ တရားဝင် ကျင်းပ

ကန်ဘာရာ၊ ဇန်နဝါရီ ၉ ။           ။ သြစတြေးလျနိုင်ငံ၌ တန်းတူညီမျှ ထိမ်းမြားလက်ထပ်ခွင့် ဥပဒေ ယခုလတွင် အသက်ဝင်လာပြီးနောက် ခေတ်သစ်တစ်ရပ်အဖြစ် ပထမဆုံး လိင်တူစုံတွဲ၏ မင်္ဂဆောင်ပွဲကို တရားဝင်ကျင်းပခဲ့သည်။

စက်တင်ဘာလအတွင်း နိုင်ငံအဝန်း မဲပေးမှုနှင့် စတင်ကာ လိင်တူထိမ်းမြားခွင့်ဥပဒေကို ဒီဇင်ဘာ ၈ ရက်က ပြဌာန်းလာခဲ့ခြင်း ဖြစ်သည်။

ဥပဒေအရ လက်ထပ်ရန် မှတ်ပုံတင်သည့် လိင်တူစုံတွဲအနေဖြင့် ရက် ၃၀ စောင့်ဆိုင်းရန် လိုအပ်သည်ဖြစ်ရာ လိင်တူမင်္ဂလာဆောင်များက ဇန်နဝါရီ ၉ ရက်တွင် ကျင်းပလာဖွယ်ရာ ရှိနေခြင်း ဖြစ်သည်။

သို့သော် စုံတွဲအချို့က ၎င်းတို့၏ ပစ္စက္ခအခြေအနေကို တင်ပြကာ ရက်လျှော့ခွင့် တောင်းလာခြင်းကြောင့် သြစတြေးလျ၏ တရားဝင် လိင်တူမင်္ဂဆောင်များသည် ဇန်နဝါရီ ၆ ရက်တွင် ဆစ်ဒနီတွင် တစ်ခု၊ မဲလ်ဘုန်းတွင် တစ်ခု ကျင်းပခွင့် ရရှိခြင်း ဖြစ်သည်။

“သြစတြေးလျရဲ့ ပထမဆုံး တရားဝင်လိင်တူမင်္ဂလာပွဲကတော့ အထမြောက်ပြီ။ အေမီနဲ့ လော်ရန့်ကို ဂုဏ်ယူပါတယ်။”ဟု သြစတြေးလျ သာတူညီမျှထိမ်းမြားနိုင်မှု အခွင့်အရေးအဖွဲ့အစည်းက ဖေ့ဘုတ်စာမျက်နှာတွင် ကြေညာသည်။

ဆစ်ဒနီက လိင်တူမင်္ဂလာဆောင်တွင် အသက် ၃၁ နှစ် လော်ရန့်ပရက်စ်နှင့် အသက် ၂၉ နှစ်ရှိ အေမီလာကာတို့က ကျမ်းသစ္စာဆို လက်ထပ်ပွဲ ကျင်းပလိုက်ပြီး နှစ်နာရီအကြာ မဲလ်ဘုန်းက လိင်တူစုံတွဲကလည်း ၎င်းတို့၏ လက်ထပ်ထိမ်းမြားမှု မင်္ဂလာပွဲကို ကျင်းပလိုက်ခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly