ဘာစီလိုနာနောက်ခံလူဟောင်း မာတင် ကားဆီးရက်စ် လာဇီယိုအသင်းသို့ ပြောင်းရွှေ့

ဘာစီလိုနာနောက်ခံလူဟောင်း မာတင် ကားဆီးရက်စ် လာဇီယိုအသင်းသို့ ပြောင်းရွှေ့
(ဓာတ်ပုံ - လာဇီယို)

အီတလီကလပ် လာဇီယိုအသင်းက ဥရုဂွေးနောက်ခံလူ မာတင် ကာဆီးရက်စ်ကို ခေါ်ယူဖို့ ပြိုက်ဘက် ဗီရိုနာအသင်းနှင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

ဘာစီလိုနာနှင့် ဂျူဗင်တပ်စ် ကစားသမားဟောင်း ကာဆီးရက်စ်ဟာ လာဇီယိုအသင်းနဲ့ နောက်ထပ် တစ်နှစ်စာချုပ်ဆိုခွင့်အပါအဝင် တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့ ကလပ်အသင်းက ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

အသက် ၃၀ အရွယ်ရှိ ကာဆီးရက်စ်ဟာ သူ့ရဲ့ကစားသမားဘဝကို ဥရုဂွေးကလပ် Defensor အသင်းမှာ စတင်ခဲ့ပြီး ၂၀၀၇ မှာတော့ စပိန်ကလပ် Recreativo Huelva ကလပ်ကို ရောက်ရှိခဲ့ပါတယ်။

နောက်တစ်နှစ်မှာတော့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ပထမဆုံးရာသီမှာပဲ လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် ချန်ပီယံလိဂ် ဖလား သုံးလုံးကို ရရှိခဲ့ပါတယ်။

သူဟာ ဂျူဗီတပ်စ်အသင်းမှာ ၂၀၀၉-၂၀၁၀ နှင့် ၂၀၁၂-၂၀၁၆ တွေမှာ နှစ်ကြိမ် ကစားခဲ့ပြီး ဆီဗီလာအသင်းအတွက် ၂၀၁၀-၂၀၁၂ နှင့် ဆောက်သမ်တန်အသင်းအတွက် ၂၀၁၇ ဇန်နဝါရီမှ မေလအထိ ကစားပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ကာဆီးရက်စ်ဟာ မကြာသေးခင်က စီးရီးအေ တန်းတက် ဗီရိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly