၂၀၁၉ ဆီးဂိမ်းနှင့် အာရှ ယူ ၂၃ ခြေစစ်ပြိုင်ပွဲများအတွက် မြန်မာ ယူ၂၁ အသင်း တစ်နှစ်ပတ်လုံး စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်မည်

၂၀၁၉ ဆီးဂိမ်းနှင့် အာရှ ယူ ၂၃ ခြေစစ်ပြိုင်ပွဲများအတွက် မြန်မာ ယူ၂၁ အသင်း တစ်နှစ်ပတ်လုံး စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်မည်
(ဓာတ်ပုံ - MFF)

၂၀၁၉ ခုနှစ်ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရည်ရွယ်လေ့ကျင့်လျက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင် ယူ၂၁ အသင်းဟာ ပုံမှန်စုဖွဲ ့လေ့ကျင့်မှုများ စဉ်ဆက်မပြတ်ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

၂၀၁၈ ဇန်နဝါရီလ ၂ ရက်နေ ့မှ ၁၂ ရက်နေ့အထိ စုဖွဲ ့လေ့ကျင့်လျက်ရှိရာ ဇန်နဝါရီလ ၈ ရက်၊ နံနက်ပိုင်းက မြန်မာနေရှင်နယ်လိဂ် ကလပ် ဧရာဝတီယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

ဧရာဝတီအသင်းဟာ MPT Myanmar National League ၂၀၁၈ ရာသီကြိုပြင်ဆင်မှုအနေဖြင့် အဆိုပါခြေစမ်းပွဲကို နိုင်ငံခြားသား ကစားသမား၊ အဓိက ကစားသမားစုံလင်စွာနဲ့ ပွဲထွွက်ကစားလာခဲ့ပြီး ဧရာဝတီအသင်းအတွက် ဂိုးများကို ကျော်မြင့်ဝင်းမှ ပွဲချိန် ၃၂မိနစ်၊ ဝေဋ္ဌုမှ ပွဲချိန် ၈၀မိနစ်မှာ အသီးသီးသွင်းယူပေးခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ၂၁အသင်းအတွက် ချေပဂိုးများကို ပွဲချိန် ၈၃မိနစ်မှာ ဇွဲသက်ပိုင်၊ ပွဲချိန် ၈၇ မိနစ်မှာ ဇော်ဝင်းမောင်တို့မှ အသီးသီးသွင်းယူခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်ယူ၂၁အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်မှ တာဝန်ယူထားပြီး ၂၀၁၈ တစ်နှစ်ပတ်လုံး အခုလို စုဖွဲ ့လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ နိုင်ငံတကာ ဖိတ်ခေါ်နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခြင်းတို့ဖြင့် အချိန်ယူ ပြင်ဆင်ကာ၂၀၁၉ ခုနှစ် ဆီးဂိမ်းဘောလုံးပြိုင်ပွဲနှင့် အာရှ ယူ၂၃ ခြေစစ်ဘောလုံးပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly