CP ကြက်ကြော်က စားသုံးသူများကို ဟွန်ဒါကား ခြောက်စီး မဲဖောက်ပေးမည်

CP ကြက်ကြော်က စားသုံးသူများကို ဟွန်ဒါကား ခြောက်စီး မဲဖောက်ပေးမည်
CP ကြက်ကြော် နှင့် Wire media တို့ မဇ္ဈိမရုံးတွင် လာရောက် ပရိုမိုးရှင်း ပြုလုပ်စဉ်။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည))

CP ကြက်ကြော်ဟု လူသိများသည့် CP Five Starက ၂၀၁၅ခုနှစ် သြဂုတ်မှ နိုဝင်ဘာလအတွင်း ကြက်ကြော်ဝယ်ယူစားသုံးသူများကို Honda Insight Hybrid ကား ခြောက်စီးကို မဲဖောက်ပေးသွားမည်ဟု CPက ထုတ်ပြန်ထားသည်။

သြဂုတ် ၁၆ရက်မှ နိုဝင်ဘာ ၁၆ရက်အတွင်း CP ကြက်ကြော်ဆိုင်များတွင် ၂၀၀၀ဖိုး ဝယ်ယူစားသုံးသူတိုင်း ကူပွန်တစ်စောင် ရရှိမည်ဖြစ်ပြီး ကံစမ်းမဲကူပွန်လက်မှတ်တွင် ကိုယ်ရေးအချက်အလက်များ အပြည့်အစုံရေးကာ CP Five Star ဆိုင်ခွဲများရှိ ကမ်းစမ်းမဲပုံးတွင် ထည့်ပေးရမည်ဖြစ်သည်။

ကံစမ်းမဲများကို စက်တင်ဘာ ၁၈ရက်မှ စတင်၍ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်း ကံစမ်းမဲဖောက်ပေးမည်ဟု သိရသည်။

ယခု ပရိုမိုးရှင်းအစီအစဉ်သည် CP၏ အကြီးဆုံး ပရိုမိုးရှင်းတစ်ခုဖြစ်သည်ဟု သိရသည်။

CP ကြက်ကြော်သည် မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအချိန်တွင် ဆိုင်ခွဲပေါင်း ၂၀၀ကျော်ရှိနေပြီဖြစ်သည်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ယခုအထိ မြန်မာနိုင်ငံတွင် အမေရိကန်ကြက်ကြော်၊ ကိုရီးယားကြက်ကြော်ဆိုင်များဖြစ်သည့် KFC, Lotteria , Merry Brown တို့ မြန်မာနိုင်ငံအတွင်း လာရောက်ဖွင့်လှစ်ထားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags