စည်းလုံးညီညွတ်ကြရန် ပီအက်စ်ဂျီအသင်းသားများအား နည်းပြအမ်မရီသတိပေး

စည်းလုံးညီညွတ်ကြရန် ပီအက်စ်ဂျီအသင်းသားများအား နည်းပြအမ်မရီသတိပေး

 

ဇန်နဝါရီ ၈၊ ပြင်သစ် ။        ။ ချန်ပီယံဆုဖလားများရရှိလိုပါက စည်းကမ်းသေဝပ်ပြီး စည်းလုံးညီညွတ်ရန် လိုအပ်ကြောင်း ပီအက်စ်ဂျီအသင်းသားများအား နည်းပြအမ်မရီက သတိပေးပြောဆိုလိုက်သည်။

ပီအက်စ်ဂျီအသင်း၏အဓိကတိုက်စစ်မှူး ကာဗာနီနှင့်ပက်စ်တိုရီတို့သည် နှစ်သစ်ကူးအားလပ်ရက်အပြီးတွင် အသင်းသို့ပြန်လာရန် နောက်ကျခဲ့ကြသည့်အတွက် ရင်းနက်စ်နှင့်ပြင်သစ် ရှုံးထွက်ဖလားပြိုင်ပွဲတွင် ချန်လှပ်ခံခဲ့ရသည်။

ထိုပွဲ၌ ကာဗာနီမပါ၀င်နိုင်သော်လည်း နေမာ၊ အမ်ဘတ်ပီနှင့်ဒီမာရီယာတို့က ၂ ဂိုးစီသွင်းခဲ့ကြပြီး ပီအက်စ်ဂျီအသင်းက ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

“ကာဗာနီက သောကြာနေ့ကမှ လေ့ကျင့်ခန်းပြန်ဆင်းပါတယ်။ ဒါကြောင့် သူ့ကို ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုသူ့ကို ကိုယ်ပိုင်လေ့ကျင့်ခန်းလုပ်ဖို့ပြောထားပါတယ်။ အသင်းနဲ့ တဖြည်းဖြည်းချင်းပြန်ပူးပေါင်းခွင့်ပေးသွားမှာပါ။

ပက်စ်တိုရီကိုလည်း အသင်းနဲ့ပြန်ပူးပေါင်းခွင့်ပေးသင့်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက တစ်သင်းလုံးစည်းလုံးညီညွတ်မှုရရှိနေဖို့ပါပဲ။ ဆုဖလားတွေရချင်တယ်ဆိုရင် တစ်သင်းလုံးစည်းကမ်းလိုက်နာပြီး ညီညွတ်နေဖို့ လိုပါတယ်” ဟု နည်းပြအမ်မရီက ဆိုသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly