ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီ ပိတ်သိမ်းရေး အစ္စရေးတောင်းဆို

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလအေဂျင်စီ ပိတ်သိမ်းရေး အစ္စရေးတောင်းဆို

ဇန်နဝါရီ ၈ ။            ။ ပါလက်စတိုင်း ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကို အပြီးအပိုင် ပိတ်သိမ်းသွားဖို့ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇန်နဝါရီ ရ ရက်မှာ တောင်းဆိုသွားပါတယ်။

ပါလက်စတိုင်းတို့ထံကို အကူအညီပေးမှုများ ဖြတ်တောက်သွားကောင်းသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ရက်ပိုင်းက ခြိမ်းခြောက်ခဲ့ပြီး အစ္စရေးတို့ကလည်း ယခုလို ပါလက်စတိုင်းတို့ကို ဖိအားပေးဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ပါလက်စတိုင်း ဒုက္ခသည်တွေကို အကူအညီတွေ ပေးနေတဲ့ ကုလအေဂျင်စီတစ်ခုဖြစ်တဲ့ UNRWA ကိုတော့ ဘက်လိုက်ပြီး တစ်ဘက်သက်ဆန်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အစ္စရေးတို့ဘက်ရှုမြင်ထားပြီး စွပ်စွဲပြစ်တင်မှုတွေ လုပ်ဆောင်ထားခဲ့ပေမယ့် UNRWA ဘက်ကတော့ ယင်းဟာ ပါလက်စတိုင်းတို့ကိုသာ လိုအပ်တဲ့ ၀န်ဆောင်မှုတွေ ထောက်ပံ့ပေးနေကြောင်း တုန့်ပြန်ထားခဲ့ပါတယ်။

"UNRWA ဆိုတာ တကယ်တမ်းမှာတော့ ပါလက်စတိုင်း ဒုက္ခသည် ပြဿနာကို  ဆက်ပြီး ရှိနေအောင် လုပ်နေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်" လို့ နေတန်ယာဟုက ပြောကြားသွားပါတယ်။

တစ်ကမ္ဘာလုံးက ဒုက္ခသည် သန်းပေါင်းများစွာကို စောင့်ရှောက်ပေးနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှိနေတဲ့အချိန်မှာပဲ ပါလက်စတိုင်းတို့အနေနဲ့ ယခုလို ကိုယ်ပိုင်ကုလအဖွဲ့ရှိနေတဲ့အခြေအနေက သင့်တော်မှုမရှိကြာင်း နေတန်ယာဟုက ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly