မကွေးတိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦး နှုတ်ထွက်စာတင်

မကွေးတိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးနှစ်ဦး နှုတ်ထွက်စာတင်

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦး ဝန်ကြီးတာဝန်မှ နှုတ်ထွက်စာတင်ထားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုထံက သိရသည်။  

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလုပ်သမား၊လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်နှင့် လယ်ယာစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့် တို့နှစ်ဦးတို့သည် ဇန်နဝါရီ ၅ရက်နေ့က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ နှုတ်ထွက်စာ တင်ထားကြောင်း ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။

ယင်းနှုတ်ထွက်စာတင်ထားမှုနှင့် ပါတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အလုပ်သမား၊လူဝန်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က မကွေးမြို့တော်ခန်းမတွင် ဇန်နဝါရီလ ၆ရက်နေ့ ကပြုလုပ်သည် ့ ရသပြည်ထောင်စုသစ် စာပေဆွေးနွေးပွဲ အဖွင့်အမှာစကားပြောရာတွင် အတည်ပြု ပြောကြားခဲ့သည်။မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေး   မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်ကလည်း အစိုးရအဖွဲ့ဝန်ကြီးအဖြစ်မှနှုတ်ထွက်စာ တင်ထားကြောင်း ဇန်နဝါရီလ(၈)ရက်နေ့က သတင်းမီဒီယာများကို အတည်ပြုပြောကြားခဲ့သည်။

ဝန်ကြီး ဦးစိုးမြင့်က “ ဇန်နဝါရီလ (၅)ရက်နေ့က နှုတ်ထွက်စာတင်ထားတာပါ၊ ကျန်းမာရေးအခြေအနေက ကောင်းလာမလိုလိုနဲ့ အခုလိုအေးတဲ့အချိန်တွေမှာ ဂရုစိုက်ရမှာဖြစ်တဲ့အတွက်၊ အရင်ကလည်း လေဖြန်းတာနှစ် ခါဖြစ်ဖူးတဲ့အတွက် လေဖြတ်သွားရင် မလွယ်ဘူးလေ၊ ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်စာတင်ထားတာပါ ”ဟုပြောသည်။

အစိုးရအဖွဲ့ဝန်ကြီးအဖြစ်မှနှုတ်ထွက်စာတင်ထားမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံတင်ထား သော်လည်း အကြောင်းပြန်ကြားမှုမရှိသေးဟု ၎င်းကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးနှစ်ဦး တိုင်းအစိုးရအဖွဲ့ထံနှုတ်ထွက်စာ တင်ထားသော်လည်း တိုင်းဒေသကြီးလွှတ်တော်ထံနှုတ်ထွက်စာတင်ပြမှုမရှိသေးဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌဦးတာက မဇ္ဈိမသို့ ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly