ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် အာဆင်နယ်အသင်းသားများကို အာစင်ဝင်းဂါး အပြစ်တင်

ဖောရက်စ်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် အာဆင်နယ်အသင်းသားများကို အာစင်ဝင်းဂါး အပြစ်တင်

ဇန်နဝါရီ ၈၊ အင်္ဂလန် ။           ။ အက်ဖ်အေဖလား တတိယအဆင့်၌ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက သူ၏ အသင်းသားများကို ပြစ်တင်ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းမှာ ချန်ပီယံရှစ်ကလပ်အသင်းကို အဘက်ဘက်တွင် မည်သည့်နေရာကမှ မယှဉ်နိုင်ခဲ့ကြောင်း ဒေါသတကြီး ပြောဆိုခဲ့သည်။

“ကျွန်တော်တို့အသင်းဟာ ဘယ်နေရာမှ ကစားတာမကောင်းခဲ့ပါဘူး။ ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း ဘယ်နေရာမှ မကောင်းပါဘူး။ ဖောရက်စ်အသင်းကတော့ ကစားတာ တကယ်ကောင်းပါတယ်။

ပထမကစားသမား ၁၁ ယောက်ရွေးချယ်မှုအတွက် မေးခွန်းထုတ်ကြမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမဲ့ ပထမ ၁၁ ယောက်မှာ ၈ ယောက်၊ ၉ ယောက်လောက်က နိုင်ငံတကာအတွေ့အကြုံရှိသူတွေပါ။ အားလုံးခြုံပြောရရင် ဖောရက်စ်တို့ရဲ့ တကယ်ကိုကောင်းမွန်တဲ့ကစားပုံအတွက် ဂုဏ်ယူတယ်လို့ပဲ ပြောချင်ပါတယ်” ဟု အာစင်ဝင်းဂါးက ဆိုသည်။

အာဆင်နယ်အသင်းသည် အက်ဖ်အေဖလားပြိုင်ပွဲတွင် ၁၃ ကြိမ်အထိဗိုလ်စွဲထားပြီး ပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းဖြစ်သည်။ အာစင်ဝင်းဂါးအနေဖြင့် သူ၏အသင်းကို အက်ဖ်အေဖလား တတိယအဆင့်မှထွက်ရခြင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။

ချန်ပီယံရှစ်မှအသင်းကို လေးဂိုးအသွင်းခံရခြင်းမှာလည်း ၁၉၀၈ ခုနှစ်က ဟားလ်စီးတီးကိုရှုံးခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။

အာစင်ဝင်းဂါးသည် ၃ ပွဲပယ်ခံထားရသောကြောင့် ထိုပွဲစဉ်ကို ပွဲကြည့်စင်မှသာ ကြည့်ရှုနေခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly