ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ၁၁၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပတော့မည်

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ် ၁၁၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပတော့မည်
ဓာတ်ပုံ - ရဲနိုင် (လောက်ကိုင်)

 

ရန်ကုန်   ဇန်နဝါရီ   ၈ ။                 ။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၏ သက်တမ်း ၁၁၂ နှစ် ပြည့်အထိမ်းအမှတ်ပွဲတော်ကို လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၂ ရက်တိုင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်ကြီးကြပ်ရေးအဖွဲ့နှင့် ခိုင်နှင်းဝေ ပရဟိတ လူငယ်များအဖွဲ့တို့ ပူးပေါင်းကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံကျော်အဆိုတော်၊ သရုပ်ဆောင်အနုပညာရှင် များ၏ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်များလည်း ပါ ဝင်မည်ဖြစ်သည်။

ထို့ပြင် ကလေးငယ်များ၏ ဖျော်ဖြေမှုအစီအစဉ်များ၊ တိရိစ္ဆာန်အမျိုးမျိုး၏ ကပြတင်ဆက်မှုများ၊ မျက် လှည့်နှင့် အခြားပျော်ပွဲရွှင်ပွဲများ၊ စျေးရောင်းပွဲတော် များ ပါဝင်မည်ဖြစ်သည်။ ပွဲတော်၏အစီအစဉ်များမှ ရရှိလာသော အလှူငွေများကို ခိုင်နှင်းဝေလူငယ် ပရဟိတအဖွဲ့သို့လှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန် တိရိစ္ဆာန် ဥယျာဉ်ကြီးကြပ်ရေးအဖွဲ့ရုံးမှ သိရသည်။

" ခါတိုင်းနှစ်နဲ့မတူတာက ဒီနှစ်မှာ ပရဟိတလူငယ် အဖွဲ့တွေနဲ့ ပူးပေါင်းကျင်းတာ၊ နောက်ပြီး ဆိုင်ခန်း တို့၊ ပွဲကရလာတဲ့အလှူငွေတွေကို ခိုင်နှင်းဝေပရဟိ တ ဖောင်ဒေးရှင်းကို ပြန်လှူသွားမယ်၊ သူတို့က လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တွေ ရှိတယ်၊ မိဘမဲ့ ဂေဟာတို့ ဘာတို့မှာ ပြန်ထည့်သုံးကြမယ်လေ" ဟု ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်ကြီးကြပ်ရေးအဖွဲ့ မန်နေ ဂျာဖြစ်သူ ဦးမျိုးကျော်သူက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်လပိုင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် တောဆင်ရိုင်းများထိမ်းသိမ်း ကာကွယ်ရေးအဖွဲ့များက "မိုမိုတို့ အတွက် ရင်တွင်း စကားသံ" ကမ်းပိန်းမှ စက္ကူဖြင့်ပြုလုပ်ထားသည့် တောဆင်ရိုင်းရုပ်များကိုလည်း ဥယျာဉ်အတွင်း ပြသွားမည်ဖြစ်သည်။

" ဒီအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့လည်း တောဆင်ရိုင်း တွေ ထိန်းသိမ်းရေးအတွက် လူထုပညာပေးအစီ အစဉ် ပြကွက်တွေလည်းပါဝင်သွားမယ်၊ ဒါတွေက ဒီနှစ်အတွက် ထူးထူးခြားခြားကျင်းပသွားမှာပါ" ဟု
ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်ကြီးကြပ်ရေးအဖွဲ့ မန်နေ ဂျာဖြစ်သူ ဦးမျိုးကျော်သူက ပြောသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျဉ်ကို ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အစပိုင်း တွင် အစိုးရကတာဝန်ယူခဲ့သော်လည်း ၂၀၁၁ ခုနှစ် မှ စတင်၍ ထူးကုမ္ပဏီက တာဝန်ယူထိန်းသိမ်း လျှက်ရှိသည်။ တိရိစ္ဆာန်ဥယျာဉ်သို့ ဝင်ရောက် အပန်းဖြေလေ့လာမှုမှာ တစ်နေ့လျှင် ပျမ်းမျှအား ဖြင့် ဦးရေ ၅၀၀၀ ရှိပြီး၊ အလုပ်ပိတ်ရက်များတွင် ဦးရေ ရ၀၀၀ မှ ၈၀၀၀ ဝန်းကျင်ရှိကြောင်း၊ ပြီးခဲ့ သည့် ၂၀၁၇ ခုနှစ်နှစ်အတွင်း လူဦးရေ ၁ သန်း ခွဲနီး ပါး ဝင်ရောက်ခဲ့ကြောင်း ရန်ကုန် တိရိစ္ဆာန် ဥယျာဉ် ကြီးကြပ်ရေးအဖွဲ့ရုံးမှ သိရသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျဉ်တွင် တွားသွားသတ္တဝါမျိုး စိတ် ၁၈ မျိုး၊ နို့တိုက်သတ္တဝါမျိုးစိတ် ၄၅ မျိုး၊ ရှား ပါးကျေးငှက်မျိုးစိတ်များအပြင် မျိုးစိတ်ပေါင်း ၆၉ မျိုးအပါအဝင် စုစုပေါင်း တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၂ မျိုး ထိန်းသိမ်းပြသထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly