လက်စတာနောက်ခံလူ မာဂူရီကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ခေါ်ယူလိုနေ

လက်စတာနောက်ခံလူ မာဂူရီကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ ခေါ်ယူလိုနေ

ဇန်နဝါရီ ရ၊ အင်္ဂလန် ။           ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် လက်စတာနောက်ခံကစားသမား မာဂူရီ၏ခြေစွမ်းကို သဘောကျလျက်ရှိပြီး ယခုဇန်နဝါရီ အပြောင်းအရွှေ့တွင် ခေါ်ယူလိုလျက်ရှိသည်။

ဟားလ်စီးတီးနောက်ခံလူဟောင်း မာဂူရီသည် ယခုနှစ်ရာသီအစကမှ လက်စတာသို့ရောက်ရှိလာသူ ဖြစ်သည်။ လက်စတာအသင်းတွင် ခြေစွမ်းပြကစားလျက်ရှိသည့် မာဂူရီ၏ခြေစွမ်းကို ဂွါဒီယိုလာက နှစ်သက်လျက်ရှိသည်။

မာဂူရီမှာ ဟားလ်စီးတီးမှာ လက်စတာသို့ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။ မန်စီးတီးအသင်းသည် မာဂူရီကို ပေါင်သန်း ၅၀ ၀န်းကျင်ဖြင့် ခေါ်ယူနိုင်မည်ဟု ခန့်မှန်းထားသည်။

လက်ရှိမန်စီးတီးအသင်း၏ ခံစစ်တွင် ဂျွန်စတုန်း၊ အော်တာမန်ဒီ၊ မန်ဂါလာ၊ ကွန်ပနီတို့ရှိနေသော်လည်း ဂွါဒီယိုလာမှာ သူ၏ခံစစ်အတွင်းပိုင်းကို ကျေနပ်မှုမရှိသေးပဲ ထပ်မံအင်အားဖြည့်တင်းလိုလျက်ရှိသည်။

မန်စီးတီးအသင်းသည် ၀က်စ်ဘရွန်းနောက်ခံလူ အီဗန်၊ ဆိုစီဒက်နောက်ခံလူ အင်နီဂိုမာတီနက်ဇ်နှင့် လိုင်ယွန်နောက်ခံလူဒိုင်ယာခါဘီတို့ကိုလည်း ခေါ်ယူလိုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly