ကြွေးနွံနစ်နေသော နိုင်ငံ၏အစိုးရကို ပြန်လည်ဖွဲ့စည်းရန် ဂရိဝန်ကြီးချုပ် ဇီပရပ်စ် ရာထူးမှ နှုတ်ထွက်

ကြွေးနွံနစ်နေသော နိုင်ငံ၏အစိုးရကို ပြန်လည်ဖွဲ့စည်းရန် ဂရိဝန်ကြီးချုပ် ဇီပရပ်စ် ရာထူးမှ နှုတ်ထွက်
နှုတ်ထွက်မိန့်ခွန်းပြောကြားနေသည့် ဂရိဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်။ ဓာတ်ပုံ - စီအင်န်အင်န်

ဂရိ၏ နောက်ဆုံး ထုတ်ဆယ် ကယ်တင်ရေး ချေးငွေအတွက် ဥရောပမြီရှင် နိုင်ငံများက တောင်းဆိုနေသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ၎င်း၏ ပါတီဝင်များကိုယ်၌က ဆန့်ကျင် လာသည့်နောက် တွင်ကြွေးနွံနစ်နေသော နိုင်ငံ၏ အစိုးရကို ပြန်လည်ဖွဲ့စည်းရန် ဂရိဝန်ကြီးချုပ် အလက်ဇစ် ဇီပရပ်စ်က သြဂုတ်လ ၂၀ ရက်က နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲ များစော စီးစွာ ကျင်းပပေးရန်လည်း တောင်းဆိုခဲ့သည်။

“ ခက်ခဲပေမယ့်လည်း မျှော်လင့်ချက်ရှိတဲ့ ဒီလမ်းကြောင်းပေါ်မှာ ဂရိကို ဘယ်သူခေါင်းဆောင် မလဲဆိုတာ သင်တို့ရဲ့မဲနဲ့ သင်တို့ ဆုံးဖြတ်ရမယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ချပြဖို့အလို့ငှာ ဂရိပြည် သူတွေရဲ့ မဲကို တောင်းဆိုရပါလိမ့်မယ်’’ ဟု ဇီပရပ်စ် ရုပ်သံမိန့်ခွန်းတစ်ခုတွင် ပြောသည်။

ဂရိသည် ထုတ်ဆယ် ကယ်တင်ရေး ချေးငွေအသစ် ယူရို ၈၆ ဘီလျံ (ကန်ဒေါ်လာ ၉၅ ဘီလီယံ)ကို ရရှိနိုင်ရန်အလို့ငှာ အရောင်းအခွန်များ မြှင့်တင်ခြင်း၊ ပင်စင်စနစ်ကို ဘက်စုံပြုပြင်ပြောင်း လဲခြင်း ကဲ့သို့သော တင်းကျပ်ပြင်းထန်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပါလီမန်က သဘောတူပြီး တစ်လအကြာတွင် ယမန်နှစ် ဇန်နဝါရီလကမှ အာဏာရလာခဲ့သည့် ဇီပရပ်စ်၏နှုတ် ထွက်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

နိုင်ငံမှာ ဒေဝါလီခံရတော့မည့် ချောက်ကမ်းပါးအစွန်းကို ရောက်ရှိနေသောကြောင့် ဇီပရပ်စ်နှင့် ပါလီမန်က ပြီးခဲ့သည့် ဇူလိုင်လက စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လက်ခံခဲ့သော်လည်း ဇီပရပ်စ် ၏ လက်ဝဲယိမ်း ဆိုက်ရီဇာပါတီကမူ ပြုပြင်ပြောင်းလဲမှုများကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

ဇီပရပ်စ်က နှုတ်ထွက်မိန့်ခွန်း ပြောကြားအပြီး သြဂုတ်လ ၂၀ ရက် နှောင်းပိုင်းတွင် သမ္မတ ပရိုကိုပစ် ပက်ဘလိုပူးလော့စ်နှင့် တွေ့ဆုံခဲ့ပြီး နှုတ်ထွက်လွှာ တင်သွင်းမည်ဟုမျှော်လင့်ရ သည်။ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကိုမူ ကြေညာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly