၄၈ နာရီအတွင်း လီဗာပူးလ်တွင် မာရက်ဇ်ဆေးစစ်မည်ဟု သတင်းများထွက်ပေါ်

၄၈ နာရီအတွင်း လီဗာပူးလ်တွင် မာရက်ဇ်ဆေးစစ်မည်ဟု သတင်းများထွက်ပေါ်

ဇန်နဝါရီ ရ၊ အင်္ဂလန် ။           ။ လက်စတာအသင်း၏ တောင်ပံကစားသမား မာရက်ဇ်သည် လာမည့် ၄၈ နာရီအတွင်း လီဗာပူးလ်အသင်း၌ ဆေးစစ်မှုခံယူမည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

လီဗာပူးလ်အသင်းတာဝန်ရှိသူများသည် ကော်တင်ဟိုအား ဘာစီလိုနာသို့ ပေါင် ၁၄၂ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ၎င်း၏နေရာတွင် မာရက်ဇ်နှင့်အလျှင်အမြန်အစားထိုးရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ပေါင် ၄၈ သန်းဖြစ်သည်။

မာရက်ဇ်သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းချုပ်ဆိုမည်ဟုလည်း သတင်းများကဆိုသည်။

မာရက်ဇ်သည် ယခုနှစ်ရာသီတွင် လက်စတာအသင်းအတွက် ရ ဂိုးသွင်းယူထားပြီး ၁၀ ဂိုး ဖန်တီးပေးထားသည်။ ယခုနှစ်ရာသီအစတွင် မာရက်ဇ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိသော်လည်း လက်စတာအသင်းကို နည်းပြသစ်ပူအယ်ရောက်ရှိလာပြီးနောက် ပုံမှန်ခြေစွမ်းပြန်လည်ပြသလာနိုင်ခဲ့သည်။

လက်စတာနည်းပြ ပူအယ်ကတော့ မာရက်ဇ်မှာ ရာသီကုန်အထိအသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly