နည်းပြမာ့ခ်ဟုချ်ကို စတုခ်စီးတီးအသင်း ရာထူးမှ ထုတ်ပယ်

နည်းပြမာ့ခ်ဟုချ်ကို စတုခ်စီးတီးအသင်း ရာထူးမှ ထုတ်ပယ်

ဇန်နဝါရီ ရ၊ အင်္ဂလန် ။            ။ အက်ဖ်အေဖလားတွင် လိဂ်-၂ ကလပ် ကိုဗင်ထရီကို ၂-၁ ဂိုးဖြင့် ရှုံးခဲ့ပြီးနောက် စတုခ်စီးတီးအသင်းက နည်းပြ မာ့ခ်ဟုချ်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။

စတုခ်စီးတီးအသင်းမှာ နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် ၁၃ ပွဲတွင် ၂ ပွဲသာ အနိုင်ရခဲ့သည့်အတွက် နည်းပြမာ့ခ်ဟုချ်ကို ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့်ပွဲစဉ်များကတည်းက မာ့ခ်ဟုချ်ကို ထုတ်ပယ်ရန် စတုခ်ပရိသတ်များက တောင်းဆိုခဲ့ကြသည်။

“ပြီးခဲ့တဲ့ လေးနှစ်ခွဲအတွင်းမှာ အသင်းအတွက် အကောင်းဆုံးကြိုးစားပေးခဲ့တဲ့ မာ့ခ်ဟုချ်ကို ကျေးဇူးတင်ပါတယ်။ သုံးရာသီဆက်တိုက် ပရီးမီးယားလိဂ်မှာ အဆင့် ၉ ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ မာ့ခ်ဟုချ်ရဲ့စွမ်းဆောင်ရည်က ချီးကျူးလောက်ပါပေတယ်။ အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု စတုခ်စီးတီးအသင်းက ရေးသားထုတ်ပြန်ခဲ့သည်။

မာ့ခ်ဟုချ်၏နေရာတွင် မန်ယူအသင်း၏ ဂန္ထဝင်ကစားသမားဟောင်း ရွိုင်ယန်ဂစ်ကို အစားထိုးခန့်အပ်ရန် ရေပန်းစားလျက်ရှိသည်။

ရည်ညွှန်း The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly