ကမ္ဘာ့ဒုတိယစျေးအကြီးဆုံးကစားသမားအဖြစ် လီဗာပူးလ်မှ ဘာစီလိုနာသို့ ကော်တင်ဟို ပြောင်းရွှေ့

ကမ္ဘာ့ဒုတိယစျေးအကြီးဆုံးကစားသမားအဖြစ် လီဗာပူးလ်မှ ဘာစီလိုနာသို့ ကော်တင်ဟို ပြောင်းရွှေ့

ဇန်နဝါရီ ရ၊ စပိန် ။          ။ လီဗာပူးလ်တိုက်စစ်မှူး ကော်တင်ဟိုကို ပြောင်းရွှေ့ကြေးပေါင် ၁၄၂ သန်းဖြင့် ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းပိုင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုအတွက် ကနဦး ပေါင် ၁၀၆ သန်း ပေးချေမည်ဖြစ်ပြီး အနာဂတ်တွင် ၃၅.၅ သန်း ထပ်မံပေးချေမည် ဖြစ်သည်။

ကော်တင်ဟို၏ ပြောင်းရွှေ့ကြေးသည် ဘာစီလိုနာတိုက်စစ်မှူးနေမာကို ပီအက်စ်ဂျီအသင်းက ပေါင် ၁၉၈ သန်းဖြင့် ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယစျေးအများဆုံး ဖြစ်သည်။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို ပြီးခဲ့သည့် နွေရာသီကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ယခုဆောင်းရာသီအပြောင်းအရွှေ့တွင်မှ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် ကော်တင်ဟိုကို ငါးနှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း ဘာစီလိုနာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly