မျှစ်ချဉ်ငါးပေါင်းထုပ်

မျှစ်ချဉ်ငါးပေါင်းထုပ်

 

မင်္ဂလာပါ….

ဒီတပတ်တော့ မျှစ်ချဉ်ငါးပေါင်းထုပ်လေး လုပ်စားဖြစ်ပါတယ်။ ငါးအရသာချိုချိုလေးကို မျှစ်ချဉ် အချဉ်ဓာတ်အပြင် အသီးအနှံလတ်လတ်ဆတ်ဆတ်လေးတွေနဲ့ဆိုတော့ ထမင်းလွတ်ကို စားပစ်လိုက်ပါတယ်။

ငါးပေါင်းထုပ်လုပ်ဖို့ လိုအပ်တာတွေကတော့

ငါးကြင်းဖြူ ၂၀သား

ပုစွန်ကျော့ ၁၀သား

မျှစ်ချဉ် အနည်းငယ်

ဆူးပုတ်ကြီး အနည်းငယ်

ခရမ်းချဉ်သီး အနည်းငယ်

ရှမ်းနံနံ အနည်းငယ်

ကြက်သွန်မြိတ် အနည်းငယ်

ဘူးသီးနု အနည်းငယ်

ငှက်ပျောဖက် အနည်းငယ် (အရွက်ပျော့သွားအောင်ရေဆေးပြီးမီးကင်ထားပါ)

ငရုတ်သီးစိမ်း အနည်းငယ်

ငရုတ်အပုမှုန့် အနည်းငယ်

ဆန်မှုန့် အနည်းငယ်နဲ့ ငါးငံပြာရည်တို့လိုအပ်ပါတယ်။

 အားလုံး စုံလင်ပြီဆိုရင် အသီး အရွက်တွေကို ရေဆေးပြီး ရေစစ်ထားပါ။ မျှစ်ချဉ်ကို ပါးပါးလှီးပြီး ၁၀မိနစ်ခန့်ပြုတ်ပါ။ ပြီးရင်ရေပြန်ဆေး ရေစစ်ပါ။ တခြားအသီးအရွက်တွေကို လဲ ပါးပါးလှိီးပါ။ ဆား ငါးငံပြာရည် ဆန်မှုန့် ငရုတ်အပုမှုန့် ထည့် သမအောင် နယ်ထားပါ။

ပြီးရင်ငါးကို အနေတော်တုံး ပုစွန်ကို အခွံခွာပြီး ဆား ငါးငံပြာရည် ဆန်မှုန့် ငရုတ်အပုမှုန့် နဲ့ ထပ်နယ်နှပ်ထားပါ။

ငါးနဲ့ပုစွန်ကို တစ်တုံးစီယူပြီး အရွက်တွေနဲ့သမအောင်နယ်ပေးပါ။

အားလုံးသမသွားရင်တော ့မီးကင်ထားတဲ့ ငှက်ပျောဖက်ထဲငါးတစ်တုံး ပုဇွန် အရွက် သမအောင်ထည့် ပြီးလေးခေါက်ချိုး ထုတ်ပါ။ ပေါင်းမယ့်အိုးထဲ စီပြီး ထည့်ပါ။ ၄၅မိနစ်လောက်ပေါင်းပါ။ အောက်ခံအိုးထဲ ရေ မခမ်းအောင် မကြာခဏ နည်းနည်းခြင််း ဖြည့်ပေးပါ။

၄၅မိနစ်ပြည့်ရင်တော့ မွှေးကြိုင်နေတဲ့ မျှစ်ချဉ်ငါးပေါင်းထုတ်လေးရပါပြီ။ မိမိကြိုက်နှစ်သက်ရာ အသီးအရွက်တွေ မှိုတွေ ထပ်ထည့်ပြီး ပေါင်းစားလို့လည်း ရပါတယ်။ ဒီတိုင်းစားစား အချဉ်ရည်နဲ့ပဲ တို့စားစာ အရမ်းအရသာရှိတဲ့ မျှစ်ချဉ်ငါးပေါင်းထုတ်လေးပါ။

ပေစိလက်ရာ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly