စစ်တွေမြေကွက် စတုရန်းတစ်ပေလျှင် ကျပ် ၂၅၀၀၀ နှုန်းမှ စတင်ရောင်းချ

စစ်တွေမြေကွက် စတုရန်းတစ်ပေလျှင် ကျပ် ၂၅၀၀၀ နှုန်းမှ စတင်ရောင်းချ
စတုရန်းတစ်ပေလျှင် ကျပ် ၂၅၀၀၀ နှုန်းမှ စတင်သည့် စစ်တွေမြေကွက်များအား ဝယ်ယူရန် လာရောက်ကြသူများကို တွေ့ရစဉ် - ဓာတ်ပုံ - RiA

 

စစ်တွေ၊ ဇန်နဝါရီ ၆ ရက်။                     ။ ၁ စတုရန်းပေကို ၃ သိန်းထိ ပေါက်စျေးရှိနေသည့် စစ်တွေမြို့၏ မြေကွက်စျေးများကြောင့် ကိုယ်ပိုင်မြေ ဝယ်ယူရန် ခက်ခဲနေသူများ အဆင်ပြေစေဖို့ စတုရန်းတစ်ပေလျှင် ကျပ် ၂၅၀၀၀ နှုန်းမှ စတင်သည့် မြေကွက်များကို ယနေ့တွင် စတင်ရောင်းချနေပြီ ဖြစ်သည်။

အဆိုပါ မြေကွက်များကို ရခိုင်ပြည်နယ် အစိုးရနှင့် ကိုရီးယားကုမ္ပဏီဖြစ်သော BXT International Co., Ltd. တို့မှ အကျိုးတူ ပူးပေါင်း ဖော်ဆောင်ခြင်းဖြစ်ပြီး စစ်တွေမြို့လယ်ခေါင်နှင့် ဘေးချင်းကပ် တည်ရှိသည့်အပြင် မကြာမီအချိန်အတွင်း စစ်တွေမြို့လယ် ဖြစ်လာမည့် နေရာအကွက်များဟုလည်း စီမံကိန်းဖော်ဆောင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မြေကွက် ရောင်းချမှု အစီစဉ်ကို ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် စတင်ခြင်းဖြစ်ပြီး ဇန်နဝါရီလ ရ ရက်နေ့တွင် အရောင်းပြပွဲ ပြီးဆုံးမည် ဖြစ်သလို ရန်ကုန်မြို့တွင် Novotel Hotel ၊ စတုတ္ထထပ် ၊ Eureka Room နှင့် စစ်တွေမြို့တွင် စီမံကိန်း အရောင်းပြခန်းတို့၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဦးရာလူစနစ်ဖြင့် ရောင်းချပေးသွားမည်ဟု ဆိုသည်။

၁ စတုရန်းပေကို ကျပ် ၂၅၀၀၀ နှုန်းမှ စတင်မည့် မြေဧရိယာ အကျယ်အဝန်းမှာ ဧက ၉၀ နီးပါးခန့်ရှိပြီး အရောင်းပြပွဲကာလအတွင်း လာရောက်ဝယ်ယူသူများကို ၂၅ ရာခိုင်နှုန်းထိ   စျေးလျှော့ပေးသွားမည်ဟုလည်း အရောင်းပွဲတော်ကို ကြီးမှူးဦးဆောင်သည့် iMyanmarHouse.com မှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly