ဒေါ်နယ်ထရမ့်၏ စိတ်ကျန်းမာရေးအပေါ် မေးခွန်းမထုတ်ခဲ့ဖူးဘူးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

ဒေါ်နယ်ထရမ့်၏ စိတ်ကျန်းမာရေးအပေါ် မေးခွန်းမထုတ်ခဲ့ဖူးဘူးဟု နိုင်ငံခြားရေးဝန်ကြီး ပြော

 

၀ါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၆ ။               ။ ပွဲဆူနေသော အသစ် ထွက်ရှိသည့် စာအုပ်တွင် သမ္မတ ဒေါ်နယ်ထရမ့်က “ကလေးကလားပဲ”ဟု လက်ထောက်တစ်ဦး၏ သုံးသပ်အမြင်ကို ထည့်သွင်းရေးသားထားရာ နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က သမ္မတ ထရမ့်၏ စိတ်ကျန်းမာရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ၎င်းအနေဖြင့် ဘယ်တော့အခါမှ မေးခွန်းမထုတ်ခဲ့ဖူးကြောင်း ပြောသည်။

ထရမ့်၏ အိမ်ဖြူတော် ပထမနှစ်သက်တမ်းအကြောင်း ရေးသားထားသော ပွဲဆူစေသည့် Fire and Fury: Inside the Trump White House စာအုပ်သည် တွေ့ဆုံမေးမြန်းသူ ၂၀၀ နီးပါးကို ကိုးကားကာ ရေးသားထားခြင်း ဖြစ်ကြောင်း ဂျာနယ်လစ်စာရေးဆရာတစ်ဦးဖြစ်သည့် Michael Wolff က ပြောသည်။

ဇန်နဝါရီ ၅ ရက်က ထုတ်ဝေသော ထိုစာအုပ်တွင် ထရမ့်က ကလေးတစ်ဦးသာသာပဲဟု အနီးစပ်ဆုံးလက်ထောက်ဖြစ်သူ၏ ပြောစကားလည်း ပါ၀င်ဖော်ပြထားရာ ထရမ့်၏ သမ္မတ ရာထူးနှင့် သင့်မသင့် ငြင်းခုံဆွေးနွေးမှုများ အသစ်တစ်ဖန် ပေါ်ပေါက်လာခဲ့ရသည်။

ယခင်က ထရမ့်အား တုံးအသူတစ်ယောက်ဟု ပြောခဲ့ဖူးသော တေလာဆန်က CNN သတင်းဌာနသို့ ပြောရာတွင် “ထရမ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ကျွန်တော်မှာ အကြောင်းပြချက် မရှိဘူး။”ဟု ဆိုပြီး ထရမ့်သည် ယခင်သမ္မတနှင့် မတူဘဲ တစ်ဘာသာကွဲထွက်သူဖြစ်ပြီး ယင်းကြောင့်ပင် ပြည်သူများက ၎င်းအား ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly