အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ရေး တောင်ကိုရီးယားနှင့် ဆွေးနွေးပွဲအား မြောက်ကိုရီးယား သဘောတူ

အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ရေး တောင်ကိုရီးယားနှင့် ဆွေးနွေးပွဲအား မြောက်ကိုရီးယား သဘောတူ

ဆိုးလ်၊ ဇန်နဝါရီ ၅ ။            ။ PyeongChang ဆောင်းရာသီအိုလံပစ်ပွဲများတွင် မြောက်ကိုရီးယား အားကစားသမားများ ပါဝင်ယှဉ်ပြိုင်လာရေး ဆွေးနွေးရန် ဇန်နဝါရီ ၉ ရက်တွင် တောင်ကိုရီးယား တာဝန်ရှိသူများနှင့် တွေ့ဆုံစည်းဝေးရေးကို မြောက်ကိုရီးယားဖက်က ဇန်နဝါရီ ၅ ရက်တွင် သဘောတူလို်က်ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းဌာနက ဖော်ပြသည်။

ဇန်နဝါရီ ၅ ရက်တွင် မြောက်ကိုရီးယားဖက်က ဖက်စ်ဖြင့် စာပေးပို့ခဲ့ရာ အပစ်ရပ်ကျေးရွာ Panmunjom Village တွင် တောင်ကိုရီးယားဆက်ဆံရေးအရာရှိများနှင့် ဇန်နဝါရီ ၉ ရက်တွင် တွေ့ဆုံရန် ကမ်းလှမ်းထားမှုအား သဘောတူကြောင်း စာပေးပို့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနမှ ပြောခွင့်ရသူတစ်ဦးက အီးပီအေသတင်းဌာနသို့ ပြောသည်။

ထိုတွေ့ဆုံမှုအစည်းအဝေးတွင် အိုလံပစ်ပွဲမှာ မြောက်ကိုရီးယား အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စရပ် ပါဝင်မည်ဖြစ်သကဲ့သို့ နှစ်ဖက်အကြား ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လာရေးတို့ပါ ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါ ပြောခွင့်ရသူက ဖြည့်စွက်ဆိုသည်။

တရားကိုယ်အားဖြင့် စစ်ပွဲအတွင်းမှာပင် ၆၅ နှစ်တာ ကြာမြင့်စွာ ရှိနေဆဲဖြစ်သည့် တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ၏ ယခုကဲ့သို့သော အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးမှုသည် ၂၀၁၅ နှစ်ကုန်နောက်ပိုင်း ယခုအကြိမ်သည် ပထမဆုံးဆွေးနွေးမှု ဖြစ်မည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်က ၎င်း၏ နှစ်သစ်ကူးမိန့်ခွန်းတွင် တောင်ကိုရီးယားနှင့် ပြန်လည်သင့်မြတ်ရေး စိတ်ဆန္ဒရှိပြီး အိုလံပစ်ပွဲတွင် မြောက်ကိုရီးယား အားကစားသများပါ ပါဝင်စေလိုကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

ထိုမိန့်ခွန်း၏ အစပိုင်းတွင် မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သကဲ့သို့ အမေရိကန်နှင့် စကားလုံးစစ်ပွဲလည်း မပြတ်ဆင်နွှဲမည်ဖြစ်ကြောင်း ကင်ဂျုံးအွန်က ပြောထားခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly