အာဖရိက တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆာလက်ရရှိ

အာဖရိက တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆာလက်ရရှိ
 

 

လီဗာပူးလ်နဲ့အီဂျစ်တိုက်စစ်မှူးဆာလက်ဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ ၂၀၁၇ အာဖရိက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဆာလက်ဟာ လီဗာပူးလ်အသင်းဖော် မာနေးနဲ့ဒေါ့တ်မွန်တိုက်စစ်မှူး အူဘာမီယန်းတို့ကို ဖြတ်ကျော်ပြီး ဆုရခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ ၂၀၁၇ အတွင်း ရိုးမားအတွက် ခြေစွမ်းပြခဲ့သလို လီဗာပူးလ်အသင်းအတွက် လည်း ခြေစွမ်းပြခဲ့ပါတယ်။

ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲပေါင်းစုံမှာ ၂၃ ဂိုးအထိသွင်းယူပေးထားပါတယ်။

ဆာလက်ဟာအီဂျစ်အသင်းကိုလည်း ၂၈ နှစ်ကြာဝေးကွာနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီပို့ဆောင်ပေးခဲ့ပါတယ်။ အီဂျစ်အသင်းက ကွန်ဂိုအသင်းကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလက်သွင်းယူခဲ့တဲ့ နောက်ဆုံးပင်နယ်တီသွင်းဂိုးဟာ ၁၉၉၀ နောက်ပိုင်းမှာ အီဂျစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ဂိုး ဖြစ်ပါတယ်။

ဆာလက်ဟာ BBC ကပေးအပ်တဲ့ အာဖရိကအကောင်းဆုံးဘောလုံးသမားဆုကို ရရှိထားသလို အာရတ်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။

အာဖရိကတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုတော့ အီဂျစ်နည်းပြ ဟက်တာကူးပါးက ရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly