ပါကစ္စတန်အား ပေးထားသည့် လုံခြံုရေးအကူအညီအား အမေရိကန် ရပ်ဆိုင်း

ပါကစ္စတန်အား ပေးထားသည့် လုံခြံုရေးအကူအညီအား အမေရိကန် ရပ်ဆိုင်း

 

၀ါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၅ ။         ။ ဒေသတွင်း တည်ငြိမ်မှုနှင့် အမေရိကန်အကျိုးစီးပွားကို ခြိမ်းခြောက်သော အစွန်းရောက်အုပ်စုများကို ဆန့်ကျင်ပြီး ပြတ်ပြတ်သားသား ရပ်တည် မလာသေးမချင်း ပါကစ္စတန်အား ပေးအပ်ထားသည့် များစွာသော လုံခြံုရေးအကူအညီများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်က ကြေညာသည်။

သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရအမျိုးသမီး Heather Nauert က ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်ကာ ပါကစ္စတန်အပေါ် ထောက်ပံ့ထားသည့် ငွေကြေးများအား ရပ်စဲထားပြီး ယင်းနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် မူတည်ကာ အရန်သင့်ထားထားမည်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ အကူအညီရပ်ဆိုင်းပစ်မည့် ရန်ပုံငွေကြေး ပမာဏနှင့် ပတ်သက်ပြီး Nauert က ပြောဆိုခြင်းမရှိသောလည်း ထိရောက်သော ပမာဏကို ရပ်ဆိုင်းမှာဖြစ်ကြောင်း ပြောသည်။

ပါကစ္စတန်က အစွန်းရောက်ကွန်ရက်ကို နှိမ်နင်းရန် ပျက်ကွက်သည် စွပ်စွဲချက်ဖြင့် သြဂုတ်လမှစတင်ပြီး တန့်ထားခဲ့သော ၀ါရှင်တန်၏ စစ်ရေးအကူအညီပေးနေမှုတွင် အမေရိကန်ဒေါ်လာ ၂၅၅ သန်း ဖြတ်တောက်ကာ ပေးအပ်တော့မည်မဟုတ်ကြောင်း ဇန်နဝါရီ ၂ ရက် ကြေညာထားပြီးနောက် ယခု လုံခြံုရေးအကူအညီ ရပ်ဆိုင်မည်ဆိုသော ကြေညာချက်ကို တစ်ဖန် ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

“ပါကစ္စတန်က အတိုင်းအတာတစ်ချို့ အကူအညီ ရခဲ့တယ်။”ဟု ယင်းပြောခွင့်ရ အမျိုးသမီးက ဆိုသော်လည်း “သူတို့အနေနဲ့ အစွန်းရောက်တွေကို တိုက်ထုတ်ရေး လိုအပ်ချက်ကိုတော့ မဖော်ဆောင်ပဲ ရှိတယ်။”ဟု ဆိုသည်။

အထက်ပါ ပါကစ္စတန်အပေါ် အကူအညီကို ရပ်ဆိုင်းကြောင်း ကြေညာချက်နှစ်ရပ်စလုံးသည် ဇန်နဝါရီ ၁ ရက်က သမ္မတ ထရမ့်က တွစ်တာပေါ်တွင် “ပါကစ္စတန်က လိမ်ညာလှည့်ဖျားနေပြီး အစွန်းရောက်တွေကို လုံခြံုမှုပေးထားတယ်။”ဟု ရေးသားလိုက်ပြီးနောက်ပိုင်း ထွက်ပေါ်လာသော ကြေညာချက်များပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags