မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲ (၄)ပွဲ ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲ (၄)ပွဲ ယှဉ်ပြိုင်ကစားမည်
(ဓာတ်ပုံ - MFF)

၂၀၁၈ အာရှဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ထိုင်းနိုင်ငံမှာ သွားရောက် လေ့ကျင့်နေတဲ့  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ထိုင်းနိုင်ငံမှာ ခြေစမ်းပွဲ လေးပွဲယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းဟာ ယနေ့၊ ဇန်နဝါရီလ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီမှာ Cat Futsal Club နှင့် စတင်ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။ 

ဇန်နဝါရီလ ရရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာတော့ Tha Kham Futsal Club အသင်း၊ ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၄နာရီမှာ ထိုင်းယူ ၂၃ အသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် ဖူအဆယ်အသင်းဟာ ထိုင်းနိုင်ငံမှာ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ရန် ဇန်နဝါရီ ၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

Ref; MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly