၂၀၁၇ အာဖရိက အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်နှင့် အီဂျစ်တိုက်စစ်မှူး ဆာလတ် ရရှိ

၂၀၁၇ အာဖရိက အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်နှင့် အီဂျစ်တိုက်စစ်မှူး ဆာလတ် ရရှိ

လီဗာပူးလ်အသင်း တိုက်စစ်မှူး မိုဟာမက် ဆာလတ်ဟာ ၂၀၁၇ ခုနှစ်အတွက် အာဖရိက တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၇ ဂိုး သွင်းယူထားပြီး အီဂျစ်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် ကူညီပေးခဲ့သလို ၂၀၁၇ အာဖရိကဖလား ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ပါတယ်။

အဆိုပါဆုအတွက် ဆာလတ်ရဲ့ လီဗာပူးလ်အသင်းဖော် ဆီနီဂေါတောင်ပံကစားသမား မာနေးက ဒုတိယ၊ ဒေါ့မွန်နှင့် ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းက တတိယ အသီးသီး ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က ဆာလတ်ဟာ ၂၀၁၇ ခုနှစ် အာရတ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆိုကိုလည်း လက်ခံရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဆာလက်ဟာ ဘီဘီစီက ပေးအပ်တဲ့ ၂၀၁၇ အာဖရိကအကောင်းဆုံးကစားသမားဆုကို ရရှိထားသူပါ။

သူဟာ လီဗာပူးလ်အသင်းအတွက် ၂၉ ပွဲကစားထားရာမှာလည်း ၂၃ ဂိုးအထိသွင်းယူထားပါတယ်။

၂၀၁၇ အာဖရိက အကောင်းဆုံးဆုပေးပွဲကို ဒီဇင်ဘာ ၄ ရက်နေ့က ဂါနာနိုင်ငံ၊ Accra မြို့မှာ ကျင်းပပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

၂၀၁၇ အာဖရိက အကောင်းဆုံးဆုပေးပွဲမှ ဆုရစာရင်း

Egypt and Liverpool’s Mohamed Salah as 2017 African Player of the Year
2nd place – Sadio mane of Senegal and Liverpool
3rd place – Pierre Emerick Aubameyang of Gabon and Dortmund. Platinum award to Ghana president Nana Akufo-Addo & Liberia president-elect George Weah
Female footballer of the year: Assisat Oshoola of Nigeria
National team of the year: Pharaohs of Egypt
Young African footballer of the year: Patson Daka (Zambia)
Coach of the Year: Hector Cuper of Egypt
Club of the year: Wydad Athletic Club of Morocco
Football Leader of the Year: Ahmed Yahya.
Women’s National Team Of The Year 2017: Bayana Bayana (South Africa)
CAF Legends Award: Ibrahim Sunday (Ghana)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly