လွန်ကဲသည့် ရာသီအအေးဒဏ်အောက် ရေခဲလာသည့် နိုင်အာဂရာရေတံခွန်ကြီး အလှတစ်မျိုး ပြောင်း

လွန်ကဲသည့် ရာသီအအေးဒဏ်အောက် ရေခဲလာသည့် နိုင်အာဂရာရေတံခွန်ကြီး အလှတစ်မျိုး ပြောင်း

အွန်တာရီယို၊ ဇန်နဝါရီ ၄ ။            ။ အမေရိကန်ကို ဖုံးလွှမ်းနေသည့် လွန်ကဲသည့် အအေးဒဏ်အောက်တွင် လှပတင့်မောဖွယ် နိုင်အာဂရာရေတံခွန်ကြီး၏ စီးဆင်းနေသော နေရာအများစုသည် အေးခဲကာ အောက်ဖက်သို့ စိုက်ဆင်းကျနေသည့် ရေခဲပန်းဆွဲများအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဝန်းကျင်တွင်လည်း နှင်းခဲနေသော သစ်ပင်များဖြင့် အလှတစ်မျိုး ပြောင်းလဲသွားသည်။

ရေတံခွန်ကြီး၏ အချို့အပိုင်းများတွင် စီးကျနေဆဲ ရေများ ရှိသကဲ့သို့ အေးခဲသွားသည့် ရေများကိုလည်း မြင်တွေ့ရသည်။ ရေခဲလွှာဖုံးသည် ရေပြင်ကိုလည်း တွေ့ရမည်ဖြစ်သည်။

နိုင်အာဂရာရေတံခွန်ဧရိယာတွင် အပူချိန်က ရေခဲမှတ်အောက် ကျဆင်းသွားပြီး နောက်ဆက်တွဲ ဖြစ်ပေါ်မှုအဖြစ် ရေတံခွန်ကြီးအား တစ်ဝက်တစ်ပျက် ရေခဲဖုံးလာမှုဖြစ်စဉ်တွင် အလှတရားက တစ်မျိုးပြောင်းသွားကာ ဆီးနှင်းရေခဲဖြူလွှမ်းသော ပုံရိပ်များအဖြစ် တွေ့မြင်ရခြင်းပဲ ဖြစ်တော့သည်။

ရေတံခွန်ကြီး ရေခဲသွားပြီဟု ဆိုလျှင် အတိသယဝုတ္တိဖြင့် လွန်ကျူးတင်စားရာ ရောက်မည်ဖြစ်သော်လည်း နှင်းခဲသည့် ဒဏ်ဖြင့် အလှမြင်ကွင်း ပုံစံပြောင်းသွားရသည်ကိုတော့ ယခုရာသီအအေးဒဏ်အောက်တွင် မြင်တွေ့ရမြင် ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွင်းကလည်း ရေတံခွန်ကြီးတွင် ယခုကဲ့သို့ နှင်းရိုက်သည် ဒဏ်ကို ခံစားခဲ့ရသော်လည်း ရေတံခွန်ကြီး အေးခဲကာ ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်မှာ ၁၈၄၈ ခုနှစ်အတွင်းကတော့ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

ထို ၁၈၄၈ ခုနှစ် အအေးဒဏ်အောက်တွင် နိုင်အာဂရာရေတံခွန်သည် လုံလုံးရပ်တန့်သွားမလောက် ဖြစ်ရကာ ရေခဲဖွဲ့တည်မှုများက စီးဆင်းရေအလျင်ကို အမျှင်ဖြတ်ပစ်ခြင်း ဖြစ်သည်။

လက်ရှိ အခြေအနေကတော့ ၁၈၄၈ က အခြေအနေလောက် မပြင်းထန်သော်လည်း ရေခဲမှုအောက် ရေတံခွန်ကြီး၏ တစ်ချို့နေရာများတွင် သွန်ကျရေများ စီးဆင်းဆဲကို မြင်တွေ့နေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly