ကိုယ်စားလှယ်လောင်း အမည်စားရင်းတင်သွင်းလွှာ စိစစ်ရက် ပြောင်းလဲသတ်မှတ်

ကိုယ်စားလှယ်လောင်း အမည်စားရင်းတင်သွင်းလွှာ စိစစ်ရက် ပြောင်းလဲသတ်မှတ်

ရန်ကုန် (မဇ္ဈိမ) ။ ။ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့် နေ့ရက် ပြောင်းလဲပြင်ဆင်သတ်မှတ်ရက်ကို ပြောင်းလဲပြင်ဆင် သတ်မှတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၁ရက်က ကြေငြာလိုက်သည်။ 

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်ရက်ကို သြဂုတ်လ ၁၈ရက်မှ ၃၁ရက်ထိ ပြောင်းလဲကာ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများတွင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်နေသည်။ လက်ရှိတွင် ပြည်သူ့လွှတ်တော် နှင့် ပြည်ထောင်စု လွှတ်တော် ရှိနေပြီး လွှတ်တော်အစည်းအဝေးများ ရှိနေ၍ ကိုယ်တိုင်သွားရောက် စိစစ်မခံနိုင်သည့်အတွက် ယခုကဲ့သို့ ပြောင်းလဲ သတ်မှတ်ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly