သမိုင်းကြောင်းကို ထင်ဟပ်ပြသည့် ရုပ်ရှင်များ လိုအပ်နေဟု မြို့တော်ဝန်ဆို

သမိုင်းကြောင်းကို ထင်ဟပ်ပြသည့် ရုပ်ရှင်များ လိုအပ်နေဟု မြို့တော်ဝန်ဆို

ရန်ကုန် ၊ ဇန်နဝါရီ ၃ ။          ။ လူထုနှင့် သမိုင်းကြောင်းကို အကောင်းဆုံးထင်ဟပ်ပြနေသည့် ရုပ်ရှင်မျိုး လိုအပ်နေသည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းရှိ MMPO Cinema (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး) ရုပ်ရှင်ရုံ၌ ပြုလုပ်သည့် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာ မြန်မာနိုင်ငံ ပြပွဲ တွင် ပြောသည်။

"လူထုအတွက် လူထုကို အကျိုးပြုမယ့် ရုပ်ရှင်တွေလိုအပ်ပါတယ်။ အစိုးရဆိုတာ လူထုအတွက် အစေခံကောင်းဖြစ်ပါတယ်။ လူဆိုးအတွက်တော့ လူဆိုးထိန်းဖြစ်ပါလိမ့်မယ်။ ရှေ့လျှောက် လူကြီးမင်းတို့အတွက် အစေခံကောင်းဖြစ်အောင်လုပ်ပါလိမ့်မယ်" ဟု ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို တက်ရောက်ခဲ့သည့် ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောဆိုခဲ့သည်။

ယင်း ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံအစည်းအရုံး နှင့် ကိုရီးယားနိုင်ငံ ဟန်အီ ရုပ်သံသမိုင်းဖောင်ဒေရှင်းတို့မှ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းလည်းဖြစ်သည်။

လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ် ၂ နာရီ တွင် အိုင်ယာလန် လွတ်မြောက်ရေး ခေါင်းဆောင် မိုက်ကယ်ကောလင်းစ် အကြောင်းဖြစ်သည့် Michael Collins အမည်ရှိ ရုပ်ရှင်ဇာတ်ကားနှင့် ညနေ ၅ နာရီတွင် သူလျှို (The age of shadows) အမည်ရှိ ရုပ်ရှင်ဇာတ်ကား ၊ ဇန်နဝါရီ ၅ ရက်နေ့ နေ့လယ် ၂ နာရီတွင် ဗီယက်နမ် ဟိုချီမင်း လွတ်လပ်ရေးလှုပ်ရှားမှု အကြောင်း ဖြစ်သည့် The Prophecy အမည်ရှိဇာတ်ကားနှင့် ညနေ ၅ နာရီတွင် ဂျပန်ခေတ် ဂျပန်စစ်သားတို့၏ လိင်ကျွန်အဖြစ် အသုံးပြုခံရခြင်း ခံရသည့် ကိုရီးယား အမျိုးသမီးငယ်များ   အကြောင်းဖြစ်သည့် Spirits Homecoming အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ပြသသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly