တိုင်းရင်ပြင်က ကိုယ်လုံးတီး အမျိုးသမီးနှစ်ယောက် ဥပဒေကို ချိုးဖောက်သလား

တိုင်းရင်ပြင်က ကိုယ်လုံးတီး အမျိုးသမီးနှစ်ယောက် ဥပဒေကို ချိုးဖောက်သလား

နယူးယောက်၊ သြဂုတ် - ၂၁ ။         ။ နယူးယောက်မြို့တော်၏ တိုင်းမ်ရင်ပြင်တွင် ကိုယ်လုံးတီးနီးပါး ဝတ်စား၍ ဓာတ်ပုံအရိုက်ခံနေသည့် အမျိုးသမီးနှစ်ဦးမှာ ဥပဒေကို ချိုးဖောက်နေသည့်အပြင် ရင်ပြင်ကို မိသားစုများ လွတ်လပ်ပေါ့ပါးရာ ကမ္ဘာလှည့်နယ်မြေအဖြစ် ထိန်းသိမ်းရန် ကြိုးစားမှုကို နှောင့်ယှက်ဖျက်စီးပစ်နေသည်ဟု နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူး ကျူအိုမိုက ပြောကြားခဲ့သည်။

အခြေအနေမှာ မနှစ်မြို့စရာ အရုပ်ဆိုးအကျည်းတန်ခဲ့သည့် ခေတ်ဟောင်း တိုင်းရင်ပြင်ကို သတိရသွားစေသည်ဟုလည်း ကျူအိုမိုက သြဂုတ်လ ၁၉ရက်နေ့က NY1 ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

အဆိုပါအမျိုးသမီးနှစ်ဦးမှာ အခကြေးငွေယူ၍ ကမ္ဘာလှည့်များနှင့် တွဲဖက်ဓာတ်ပုံအရိုက်ခံနေခြင်းဖြစ်ပြီး များသောအားဖြင့် အတွင်းခံဘောင်းဘီတစ်ထည်တည်းကိုသာ ဝတ်ဆင်ကာ တစ်ကိုယ်လုံးကို လည်းဆေးခြယ်ထားသည်ဟု ဆိုသည်။

မြို့တော်ဝန် ကျူအိုမိုကမူ ကိုယ်လုံးတီးမနှစ်ယောက်၏ လုပ်ရပ်မှာ အခြား ကောင်းရောင်းကောင်းဝယ် လုပ်စားသူများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်နေသည်။ နယူးယောက်မြို့တော်ဝန် ဘီဒီ ဘလက်ဆီယိုကလည်း ဝတ်လစ်စလစ်မလေးများ၏ အသက်မွေးဝမ်းကြောင်းမှာ မှားယွင်းနေပြီး မြို့တော်က အရေးယူရလိမ့်မည်ဟု ပြောကြားခဲ့သည်။

တိုင်းရင်ပြင်က ကာတွန်းဇာတ်ကောင်များသဖွယ် ဝတ်စားပြီး ကမ္ဘာလှည့်များကို ဓာတ်ပုံများဝယ်ရန် အတင်းအကျပ်ဆွယ်နေသည့် ပါဖော်မာများနှင့် ပတ်သက်၍လည်း နယူးယောက်အုပ်ချုပ်ရေးမှူး ကျူအိုမို ခမျာ ရင်လေးနေရရှာသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly