HUAWEI nova 2i ရဲ့ အကောင်းစားစွမ်းဆောင်ရည်များ

HUAWEI nova 2i ရဲ့ အကောင်းစားစွမ်းဆောင်ရည်များ

HUAWEI nova 2i က Full View 5.9 inch နဲ့ လာပြီး Full HD+ 2160 x 1080 Resolution ကိုအပြည့်အဝခံစားစေမှာဖြစ်ပါတယ်။ မျက်နှာပြင်အရည်အသွေးကတောက်ပပြီးအရောင်အသွေးစုံညီလှပါ တယ်။ ဒါ့အပြင် ကြည့်ရှုသူကို ကြည်လင်စေပြီး ပြတ်သားစွာတွေ့မြင်နိုင်မှာသေချာပါတယ်။ သင့်ရဲ့ ပုံ၊ ဗွီဒီယိုများ၊ ရုပ်ရှင်များကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပါတယ်။ Screen Ration ကို 18:9 အသုံးပြုထားပြီး Games များကို မြင်ကွင်းကျယ်ပြန့်စွာတွေ့မြင်ခံစားစေရမှာသေချာပါတယ်။ အမိုက်စားဖုန်းမျက်နှာပြင်နှင့်အတူသင့်ရဲ့ အချိန်များကိုကုန်ဆုံးလိုက်ပါ။ ဖုန်းရဲ့ မျက်နှာပြင်ကိုလဲ ကြိုတင်ကာကွယ် တဲ့အနေနဲ့ Screen Protector ကိုလည်း ကြိုတင်ကပ်ပေးထားတာတွေ့ရတဲ့အတွက် ပွန်းရာများကိုခံနိုင်မှာပါ။

          HUAWEI nova 2i မှာ Android 7 ကိုအခြေခံတဲ့ EMUI 5.1 Nougat ကိုအသုံးပြုထားပြီး UI design က iOSနဲ့ အနည်းငယ်ဆင်တာကိုတွေ့ရပါတယ်။ UI design က ရိုးရှင်းပြီးသေသပ်လှပါတယ်။ Density က 407 ppiရှိပြီးအနားကွပ်က76.5 percent screen to body ratio ရှိပါတယ်။ တစ်စပ်တည်းမှာပဲEMUI 5.1 မှာSwiftkeyဆိုတဲ့ keyboard ကိုdefultအနေနဲ့ အသုံးပြုထားတာတွေ့ရပြီး Google ရဲ့ Gboardကိုလည်းထည့်သွင်းပေးထားပါတယ်။ ဒါဟာလုံလောက်မှုရှိပါတယ်။ အသုံးပြုသူအတွက်ကိုထပ်မံထည့်သွင်းစရာမလိုတော့ပါဘူး။

          Display နဲ့ UI ကတော့ Huawieရဲ့ မြင်တွေ့နေကျအတိုင်း ဖြစ်ပြီးအလင်းအမှောင်ကိုကစားပြီး Display က အလိုက်သင့်ထားပေးနိုင်ပါတယ်။ Low-Light environment မှာတောင် စွမ်းဆောင်ရည် ကောင်းကောင်းနှင့် ထောက်ပံ့ပေးနိုင်ပါတယ်။ HUAWEI nova 2i ရဲ့ Bokeh effect က P10 Model Series ရဲ့ ပိုမိုကောင်းမွန်တာကိုစာရေးသူကိုယ်တိုင် ကြံုတွေ့ခဲ့ရပါတယ်။ Huaweiရဲ့ နည်းပညာအသစ်အသစ်တွေ ကြောင့် ပိုမိုကောင်းမွန်တယ်ဆိုတာသေချာပါတယ်။

          HUAWEI nova 2i ရဲ့ Battery Performance က အထူးကောင်းမွန်တာတွေ့ရှိရပါတယ်။ အသုံးပြု သူတို့ စိတ်ကျေနပ်မှာသေချာပါတယ်။ ကြီးကြီးမားမားသုံးတဲ့သူတောင် တစ်နေ့တာ   အေးအေးဆေးဆေး အသုံးပြုနိုင်ပြီး အနည်းငယ်ပူတာကတော့ သိပ်အဆန်းမဟုတ်တော့ပါဘူး။ အားအပြည့်သွင်းထားပြီး ပုံမှန် သုံးရင် (၂)ရက်တိတိ ခံနိုင်ပါတယ်။

Gaming စွမ်းဆောင်ရည်မှာတော့ အကောင်းဆုံးအခြေနေကို ရရှိခဲ့ပါတယ်။  စမ်းသပ်မှုများထဲမှ Asphalt 8 လိုဂိမ်းအကြီးစားကစားကြည့်ခြင်းဖြင့် HUAWEI nova 2i က Performance ဘယ်လောက်ကောင်းလဲ သင်သိသွားမှာပါ။ Games တော်တော်များများကို အေးဆေးစွာကစားနိုင်ပြီး အခက်အခဲများကို တွေ့ကြံုခြင်း မရှိပါဘူး။ Performance result များကို စာဖတ်သူလေ့လာကြည့်ပါ။

HUAWEI nova 2i က အကောင်းဆုံးစွမ်းဆောင်နိုင်ပြီး High End များကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ထိရှိပါတယ်။ Mid-range ဆိုတဲ့အတိုင်းသင့်တင့်တဲ့ Performance ကိုပေးစွမ်းနိုင်ပါတယ်။ Call quality က အထူးကောင်းမွန်ပြီး ကြည်လင်ပြတ်သားစွာ ကြားနိုင် ပြောနိုင်ပါတယ်။ HUAWEI nova 2i ရဲ့ထူးခြားတဲ့Performance ၊ Camera စွမ်းဆောင်ရည်များက Mid-range ဖုန်းများထဲတွင် အထူးကောင်းမွန်ပြီး ဖုန်းဝယ်ယူရာတွင် မဖြစ်မနေစဉ်းစားရမှာဖြစ်ပါတယ်။

Ref :Technobaboy

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly