၂၀၁၇ အာရတ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆာလက်ရရှိ

၂၀၁၇ အာရတ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဆာလက်ရရှိ

 

ဇန်နဝါရီ ၂၊ အင်္ဂလန် ။             ။ လီဗာပူးလ်နဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ ၂၀၁၇ ခုနှစ် အာရတ်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဒီဆုကို အာရတ်နိုင်ငံတွေက အားကစားကလောင်ရှင်ပေါင်း ၁၀၀ နီးပါးက ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ အီဂျစ်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သလို လီဗာပူးလ်အသင်းအတွက် ၂၉ ပွဲကစားထားရာမှာလည်း ၂၃ ဂိုးအထိသွင်းယူထားပါတယ်။ ဒါကြောင့်ပဲ အာရတ်အကောင်းဆုံးကစားသမားဆုကို ရခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ဟာ ဆီးရီးယားလက်ရွေးစင်တွေဖြစ်တဲ့ အိုမာခီရီဘင်နဲ့ အိုမာအယ်လ်ဆိုမာတို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလက်ဟာ ဘီဘီစီက ပေးအပ်တဲ့ ၂၀၁၇ အာဖရိကအကောင်းဆုံးကစားသမားဆုကို ရရှိထားသူပါ။ ဒါ့အပြင် အာဖရိက ဘောလုံးအဖွဲ့ချုပ်က ပေးအပ်တဲ့ အာဖရိကအကောင်းဆုံးကစားသမားဆုကို ရရှိဖို့လည်း ရေပန်းစားနေပါတယ်။

၂၀၁၇ အာဖရိကအကောင်းဆုံးဆုပေးပွဲကို ဒီဇင်ဘာ ၄ရက်နေ့မှာ ဂါနာနိုင်ငံ၊ Accra မြို့မှာကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရည်ညွှန်း နေးရှင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly