ပေါ်တိုမှ ဘရာဇီးနောက်ခံလူ ဆန်ဒရိုကို ဂျူဗင်တပ်စ်ခေါ်ယူ

ပေါ်တိုမှ ဘရာဇီးနောက်ခံလူ ဆန်ဒရိုကို ဂျူဗင်တပ်စ်ခေါ်ယူ

တူရင်၊ သြဂုတ် ၂၁ ။        ။ ဂျူဗင်တပ်စ်အသင်းသည် ပေါ်တိုအသင်းမှ ဘရာဇီးဘယ်နောက်ခံ ကစားသမား အဲလက်စ်ဆန်ဒရိုကို ပြောင်းရွှေ့ကြေး ပေါင် ၁၈ ဒသမ ၆ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ် ဆိုကာခေါ် ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဆန်ဒရိုကို မန်ယူနှင့် ရီးယဲလ်တို့က စိတ်ဝင်စားခဲ့သေးသော်လည်း ဂျူဗင်တပ်စ်က ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ ကဆေးစစ်မှု များအောင်မြင်ခဲ့ပြီး တရားဝင် စာချုပ်ချုပ်ဆိုခဲ့သည်။

ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၆ ပွဲ ပွဲထွက်ကစားထားသည့် ဆန်ဒရိုကို ပေါ်တိုအသင်းက စာချုပ်သစ်ချုပ်ဆိုရန်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခဲ့ပြီး ဂျူဗင်တပ်စ်ကိုပြောင်းရွှေ့ ရန်ရွေးချယ် ခဲ့ခြင်းဖြစ် သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly