သီချင်းဗီဒီယိုရိုက်ကူးရန် လော့စ်အိန်ဂျယ်လိစ်သို့ ရောက်ရှိနေသည့် Suzy

သီချင်းဗီဒီယိုရိုက်ကူးရန် လော့စ်အိန်ဂျယ်လိစ်သို့ ရောက်ရှိနေသည့် Suzy

 

တောင်ကိုရီးယားမှ နာမည်ကျော် အဆိုတော်နှင့် မင်းသမီးတစ်ဦးဖြစ်သော Suzy သည် ဂီတလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် စီစဉ်နေသလို ယခုအခါတွင် သီချင်းဗီဒီယိုတစ်ခု ရိုက်ကူးရန်အတွက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့သို့ ရောက်ရှိနေသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် သူမ၏အေဂျင်စီဖြစ်သော JYP Entertainment က “ Suzy ဟာ သူမရဲ့ သီချင်း ဗီဒီယိုတစ်ခု ရိုက်ကူးဖို့အတွက် လော့စ်အိန်ဂျယ်လိစ်မြို့ကို ထွက်ခွာသွားခဲ့ပါတယ်။ သူမရဲ့ သီချင်းအသစ်တွေ ထွက်ရှိမယ့်ရက်ကို မကြာခင်မှာ တရားဝင်ကြေညာသွားမှာဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ခဲ့သည်။

Suzy သည် ဇန်နဝါရီလ ၁ ရက်နေ့က လော့စ်အိန်ဂျယ်လိစ်သို့ ခရီးထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

သူမ၏ သီချင်းဗီဒီယိုရိုက်ကူးမှုများ ပြီးဆုံးသွားသောအခါတွင် သူမသည် ကိုရီးယားနိုင်ငံသို့ ပြန်လာပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးတာနှင့် ပရိသတ်များအတွက် သီချင်းအယ်လ်ဘမ်အသစ်တစ်ခု ဖြန့်ချီ ပေးသွားမည်ဟု သိရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags