ကင်မရွန်းရှိ အရက်ချက်စက်ရုံ၌ ကြီးမားသောမီးလောင်ကျွမ်းမှုဖြစ်ပွား

ကင်မရွန်းရှိ အရက်ချက်စက်ရုံ၌ ကြီးမားသောမီးလောင်ကျွမ်းမှုဖြစ်ပွား

 

ဒူအာလာ၊ ကင်မရွန်း၊ ဇန်နဝါရီ ၂ ။               ။ ကင်မရွန်းနိုင်ငံမှ အရက်ချက်စက်ရုံ၌ ကြီးမားသောမီးလောင်ကျွမ်းမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ နေအိမ် များနှင့် ကျောင်းတစ်ကျောင်းတို့ မီးကူးစက်လောင်ကျွမ်းခံရကာ ပျက်စီးသွားခဲ့ကြောင်း မျက်မြင်သက်သေ များက ဆိုခဲ့သည်။

အဆိုပါမီးသည် ကင်မရွန်းနိုင်ငံ၏ အကြီးမားဆုံးမြို့ဖြစ်သော ဒူအာလာမြို့ရှိ ဖာမန်ကမ်အရက်ချက်စက်ရုံ၌ တနင်္လာနေ့မနက်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများ၏အဆိုအရ အဆိုပါမီးသည် အရက်စည်များထဲ၌ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် အပြင်ဘက်ရှိ ပြင်းထန်သော အပူဒဏ်ကြောင့် အင်အားကြီးမားလာကာ လောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဒါ့အပြင် အရှိန်ပြင်းထန်သော ထိုမီးသည် အနီးအနားရှိ နေအိမ်များနှင့် ကျောင်းတစ်ကျောင်းကို ကူးစက် လောင်ကျွမ်းသွားခဲ့သည်ဟု ဒေသခံများက ဆိုခဲ့သည်။

ထိုမီးကြောင့် လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ပိုင်ဆိုင်သောပစ္စည်းများကို လမ်းမကြီးတစ်လျှောက် စီတန်းချထားခဲ့ကြကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။

ဒေသတွင်းရှိ မီးသတ်သမားများသည် အဆိုပါမီးကို ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိသောကြောင့် အနီးဆုံးလေယာဉ် ကွင်းမှတဆင့် လူအင်အားဖြည့်တင်းကာ ငြိမ်းသတ်ခဲ့ရပြီး ရေကြောင်းမီးသတ်သမားများကိုပါ အသုံးပြုခဲ့ရ ကြောင်း သိရသည်။

ဖာမန်ကမ်အရက်ချက်စက်ရုံသည် ကင်မရွန်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၌ ၀ိုင်များ၊ ယမကာများ နှင့် ၀ီစကီများ ကို ထုတ်လုပ်သော အကြီးမားဆုံး စက်ရုံတစ်ရုံဖြစ်သည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်၌ လူအများအပြားသည် စက်ရုံအတွင်းမှ ပစ္စည်းများကို သယ်ထုတ်ပေးခဲ့သော် လည်း စက်ရုံအနေဖြင့် ကြီးမားသောဆုံးရှုံးမှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly