အီရန်ဆန္ဒပြပြည်သူများ အောင်ပွဲရရှိရန် အစ္စရေးဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း

အီရန်ဆန္ဒပြပြည်သူများ အောင်ပွဲရရှိရန် အစ္စရေးဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း

 

ဂျေရုစလမ်၊ အစ္စရေး၊ ဇန်နဝါရီ ၂ ။                            ။ အီရန်နိုင်ငံ၌ ဆန္ဒပြပွဲများပြုလုပ်နေကြသော ဆန္ဒပြအီရန်ပြည်သူများအနေဖြင့် လွတ်လပ်ခွင့်အတွက်တောင်းဆို နေသည့် သူတို့၏ကြိုးပမ်းချက်များအရာထင်ကာ အောင်ပွဲများရရှိပါစေကြောင်း အစ္စရေးဝန်ကြီးချုပ်က တနင်္လာ နေ့၌ ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟူက ဆန္ဒပြပြည်သူများသည် ရဲရင့်ပြီး သူရဲကောင်းဆန်ကြသူများဟု ပြောဆိုခဲ့ပြီး ထိုသူတို့သည် အီရန်နိုင်ငံ၌ ဆယ်စုနှစ်များစွာကြာအောင်   ငြင်းဆန်ပယ်ချခံထားရသည့် အခြေခံ လွတ်လပ်ခွင့်များ၊ တရားမျှတမှုနှင့် လွတ်လပ်မှုရရှိရေးအတွက် တိုက်ပွဲဝင်နေကြသူများဖြစ်သည်ဟု ပြောဆိုခဲ့ သည်။

ဒါ့အပြင်ဆန္ဒပြပွဲများအပေါ် အီရန်အစိုးရ၏ တုံ့ပြန်မှုများအား သူကဝေဖန်ခဲ့သလို ဆန္ဒပြပွဲများ အကြမ်းဖက်ဖြစ် စဉ်သို့ ကူးပြောင်းလာစဉ်တွင် ငြိမ်သက်စွာလက်ပိုက်ကြည့်ရှုနေသည့် ဥရောပအစိုးရများကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် အငြင်းပွားဖွယ်ရာ သမ္မတရွေးကောက်ပွဲပြီးနောက်တွင် ပထမဦးဆုံးအကြမ်အဖြစ် အစိုးရအဖွဲ့အားဆန့်ကျင်သည့် အကြီးမားဆုံးသော ဆန္ဒပြပွဲများ ပေါ်ပေါက်နေခြင်း ဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းအတွင်းက ထောင်ပေါင်းများစွာသော ပြည်သူများသည် မြို့အသီးသီးရှိ လမ်းမ များပေါ်၌ ဆန္ဒပြသနေကြသည်။

လက်ရှိအချိန်ထိ ဆန္ဒပြပွဲများကြောင့် ပြည်သူရာပေါင်းများစွာခန့် အဖမ်းခံခဲ့ရပြီး ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရ ကြောင်း နိုင်ငံတော်ရုပ်သံသတင်းဌာနက တနင်္လာနေ့က သတင်းတင်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly