ဆီးရီးယားတွင်ပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှုတွင် ပါ၀င်ရန် အမေရိကန်၏ မေတ္တာရပ်ခံချက်ကို သြစတြေးလျ စဉ်းစားနေ

ဆီးရီးယားတွင်ပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှုတွင် ပါ၀င်ရန် အမေရိကန်၏ မေတ္တာရပ်ခံချက်ကို သြစတြေးလျ စဉ်းစားနေ

ဆစ်ဒနီ၊ သြဂုတ် ၂၁ ။       ။ ဆီးရီးယားတွင် အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်နေသော လေကြောင်းတိုက်ခိုက်များတွင် ပါဝင်ရန် အမေရိကန်၏ တရားဝင်မေတ္တာရပ်ခံချက်ကို စဉ်းစားနေကြောင်း သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က သြဂုတ် ၂၁ တွင် ပြောကြားသည်။

တော်ဝင်သြစတြေးလျလေတပ် (RAAF) သည် အီရတ်တွင် အိုင်အက်စ်တို့ကို ပစ်မှတ်ထားသော ဗုံးကြဲတိုက်ခိုက်မှုများတွင် ပါဝင်နေပြီဖြစ်သော်လည်း ဆီးရီးယားတွင် ၎င်း၏လေကြောင်းတိုက်ခိုက်မှု ကဏ္ဍမှာ ဆီပြန်လည်ဖြည့်တင်းမှု၊ ထောက်လှမ်းရေးသတင်းစုစည်းမှုတို့တွင် ယခုအထိအကန့်အသတ်များရှိနေဆဲ ဖြစ်သည်။ ကျော်လွှားရမည့် လုပ်ငန်းစဉ်များရှိသော်လည်း အဆိုပါမေတ္တာရပ်ခံချက်ကို ဂရုတစိုက်စဉ်းစားသွားမည်ဟု အက်ဘော့က သတင်းထောက်များကို ကင်ဘာရာတွင် ပြောကြားခဲ့သည်။

" ဆီးရီးယားအရှေ့ပိုင်းနဲ့ အီရတ်မြောက်ပိုင်းမှာ အကြမ်းဖက်နိုင်ငံတစ်ခုရှိနေခြင်းက ကမ္ဘာကြီးအတွက် ကပ်ဆိုးကြီးတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောချင်ပါတယ် "ဟု ၎င်းကဆို သည်။ သြစတြေးလျလေယာဉ်များသည် အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များကို စက်တင်ဘာကတည်းက ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly