ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် မဇ္စျိမမီဒီယာ သီးသန့်တွေ့ဆုံမေးမြန်းခန်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် မဇ္စျိမမီဒီယာ သီးသန့်တွေ့ဆုံမေးမြန်းခန်း
မဇ္ဈိမမီဒီယာ၏ စတူဒီယိုခန်းတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ(ရာမည))

(အပိုင်း ၁)

မေး ။    ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲက တရားမျှတပြီး လွတ်လပ်တယ်ဆိုတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ဘယ်လိုမျိုး စီမံဆောင်ရွက်ထားပါသလဲခင်ဗျ။

ဖြေ ။    ။ ပြောရင်တော့ပေါ့လေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ငါးနှစ်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပပေးရမယ့်သဘောမှာရှိတာပေါ့၊ ဘာကြောင့်လဲဆိုတော့ လွတ်တော်သက်တမ်းက ငါးနှစ် ရှိတာကိုး။ ကျွန်တော်တို့ကလည်း ၂၀၁၀ ရွေးကောက်ပွဲကနေပြီးတော့ ဖြစ်ပေါ်လာတဲ့ အစိုးရသစ် လက်ထက်မှာ ဖြစ်ပေါ်လာတဲ့ ကော်မရှင်ဖြစ်ပါတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ ၂၀၁၁ လွတ်တော် ကနေပြီးတော့ ပေါ်ပေါက်လာတာပါ။ ကျွန်တော် အပါအဝင် (၇) ဦးကို သမ္မတက nominate လုပ်ပါတယ်။

လွတ်တော်ကအတည်ပြုလိုက်တဲ့အတွက်ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုပြီး ပေါ်ပေါက်လာပါတယ်။ ဒီတာဝန်ကို ကျွန်တော်ရတဲ့အခါကျတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ကတော့ မလွဲမသွေလုပ်ပေးရမှာကတော့ ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမှာပါ။

လိုအပ်လို့ရှိရင်လည်းဘဲ ကြားဖြတ် ရွေးကောက်ပွဲလုပ်ပေးရမှာပေါ့။ ဒီတာဝန်ကြီးကို ကျွန်တော်အောင်မြင်အောင်လုပ်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဆိုတာ သိပ်အရေးကြီးပါတယ်။ ဒါကလည်းဘဲ ယခင်က ကျွန်တော်ဒီတာဝန်ထမ်းဆောင်ရမယ်လည်း မမျှော်လင့်ထားပါဘူး။ သို့သော် ဒီတာဝန်ကြီးကို ကျွန်တော်ရတဲ့အခါမှာ လေ့လာကြည့်တဲ့အခါကျတော့ အတော်အရေးကြီးတဲ့ တာဝန် ကြီးပါလား ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ သဘောပေါက်တဲ့အတွက်ကြောင့် နောင် ငါးနှစ်တစ်ကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ လွတ်လပ်တရားမျှတတဲ့ရွေးကောက် ပွဲတွေဖြစ်ဖို့လို တယ်။

ကျွန်တော့အနေနဲ့ ပြောကြေးဆိုရင် မြန်မာပြည်မှာ ရွေးကောက်ပွဲ အတွေ့အကြုံပေါ့လေ။ ရွေးကောက်ပွဲကျင်းပတာ သိပ်များများစားစား မရှိသေးပါဘူး။ လွတ်လပ်ရေးရခဲ့တဲ့ ၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပါ တယ်။ ၅၂/၅၆/၆၀ ခုနှစ်တွေမှာ သုံးကြိမ်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ၆၂ ခုနှစ်မှာ အာဏာသိမ်းတယ်။ ၇၄ မှာ ဆိုရှယ်လစ်လမ်းစဉ်ပေါ်ပေါက်လာတယ်။ ၈၈ မှာ ကျွန်တော်တို့ န.ဝ.တ ပေါ်ပေါက်လာပါ တယ်။

၉၀ ပြည့်နှစ်မှာ နိုင်ငံတော်အတွက် စတုထ္ထအကြိမ် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း အနှစ် ၂၀ ကြာမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲ ကတော့ ၂၀၁၀ရွေးကောက်ပွဲဆိုတော့ မြန်မာနိုင်ငံမှာလွတ်လပ်ရေးသက်တမ်း ၆၂ နှစ်မှာ ငါးကြိမ် မြောက် ပေါ်ပေါက်လာတဲ့ရွေးကောက်ပွဲပါပဲ။ အဲ့နောက်မှာတော့ ကြားဖြတ်ရွေးကောက်ပွဲ တစ်ကြိမ်ပေါ်ပေါက် တာပေါ့လေ။ ဒါကဘာလဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲအရ အစိုးရသစ်ပေါ်ပေါက်လာတဲ့ အခါကျတော့ အစိုးရသစ်အဖွဲ့မှာ တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေဟာ လွတ်တော်ထဲက ဖြစ်သွားတော့ လွတ်တော်မှာ vacant ဖြစ်သွားပါတယ်။ အဲဒီအတွက် ဖြည့်ဖို့အတွက် ကြားဖြတ် ရွေးကောက်ပွဲ ၂၀၁၂ ဧပြီလ ၁ ရက်နေ့ မှာ ကျင်းပပေးခဲ့ပါတယ်။ ပြန်ကောက်မယ်ဆိုရင်တော့ ကျွန်တော်တို့တိုင်းပြည် မှာရွေးကောက်ပွဲအတွေ့အကြုံ သိပ်မရှိသေးပါဘူး။ အားလုံးပြောရင်တော့ ၅ ကြိမ်၊ အခုလာမယ့်ရွေးကောက်ပွဲ ခြောက်ကြိမ်မြောက်ပေါ့။

ဒီလိုအတွေ့အကြုံတွေမရှိတဲ့အခါကြတော့၊ ရွေးကောက်ပွဲတွေ ပြန်သုံးသပ်တဲ့အခါကြတေ့ာ ၅၂/၅၆/၆၀ ဆိုတာ ပြည်တွင်းမှာ ဆူပူသောင်းကျန်းတဲ့ ကာလဖြစ်နေတယ်။ဖြစ်နေတဲ့ အတွက်ကြောင့်ရွေးကောက်ပွဲသာလုပ်တယ်၊ ရွေးကောက်ပွဲဟာဘာလဲ၊ ရွေးကောက်ပွဲအနှစ်သာရ ဘာလဲဆိုတာ ကျွန်တော်တို့ ဂဃနဏ မသိပါဘူး။ မသိတဲ့အခါကြတော့ ဘာဖြစ်လဲဆိုတော့ လက်နက်နဲ့ မဲမထည့်ခိုင်းတာ။ လက်နက်ဖြင့် မဲထည့်ခိုင်းတာ။ အကြမ်းဖက်မှုတွေ၊ ဒါတွေ ခင်ဗျားတို့လည်း သိပါတယ်။ လူသတ်မှုတို့ ဘာတို့ဖြစ်ခဲ့တဲ့ကာလတွေ ရှိခဲ့ပါတယ်။

ပါလီမန်ဒီမိုကရေစီအောက်မှာလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ သုံးကြိမ်ဟာလည်း လွတ်လပ်တဲ့၊ တရားမျှတ တဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ကြောက်လို့မဲထည့်ရတာ၊ ကြောက်လို့မဲမထည့်တာ၊ ဆိုတဲ့လူထုဆန္ဒ နဲ့ အခြားရဲ့ဖိအားကြောင့် မဲထည့်တဲ့သဘောဖြစ်ပါတယ်။

ထို့အတူပဲ ဆိုရှယ်လစ်ခေတ်မှာတော့ ပါတီစုံရွေးကောက်ပွဲတော့ မရှိခဲ့ပါဘူး။ ဆိုင်ရာ ရွေးကောက်ပွဲ တော့ ရှိခဲ့ပါတယ်။ ဒါကတော့ ကောင်စီအဆင့်ဆင့်ရွေးတဲ့ကိစ္စပါ။ သို့သော်လည်းဘဲ ၉၀မှာရွေးကောက် ပွဲပေါ်ပေါက်ပါတယ်။ ရွေးကောက်ပွဲကိုလည်းဘဲ ကြည့်လိုက်တဲ့အခါကြတော့ (၁) ကတော့ တပ်မတော်အစိုးရဲ့အောက်မှာပဲ ဖြစ်ပါတယ်။ (၂) ကတော့ ယှဉ်ပြိုင်တဲ့ပါတီတွေ ရှင်းရှင်းပြောမယ်ဆို တစည ပါတီကို လူထုက မကြိုက်တဲ့အတွက်ကြောင့် တစ်ဖက်ပါတီကို မဲပေးလိုက်တဲ့အတွက်ကြောင့် လူထုရဲ့ဆန္ဒနဲ့ လွတ်လပ်တဲ့မျှတတဲ့ ရွေးကောက်ပွဲလို့ ဒီလို မဟုတ်ဘူးလို့ဘဲ ကျွန်တော် သုံးသပ်ပါတယ်။ တစ်ဖက်ကို မကြိုက်လို့ တစ်ဖက်ကို မဲထည့်တဲ့ သဘောပါ။

မေး ။    ။ ဆိုလိုတာက အဲဒီ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသိပညာက ကျယ်ပြန့်မှု မရှိတာကို ပြောတာလား။

ဖြေ ။    ။ မှန်ပါတယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲထက် တစ်ဖက်ကိုမကြိုက်လို့ တစ်ဘက်ကို ထည့်တဲ့သဘောပေါ့။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တစ်ဖြစ်လဲ ပြောင်းလာတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီကို လက်မခံချင်တဲ့အတွက်ကြောင့် တခြားပါတီထည့်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ၉၀ ရွေးကောက်ပွဲပြီးတော့ အနှစ် ၂၀ ကြာတော့ ပေါ်ပေါက်လာတဲ့ ၂၀၁၀ရွေးကောက် ပွဲ ကျတော့လည်း ပြောကြေးဆိုရင် ကြံ့ခိုင်ရေးပါတီက အသာစီးရတာပေါ့ဗျာ။ ဒီရွေးကောက်ပွဲလည်းဘဲ ကျွန်တော့် စံနဲတိုင်းမယ်၊ ယနေ့ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တစ်ယောက်အနေနဲ့ စံနဲ့တိုင်းမယ်ဆိုရင်တော့ လူထုက ရွေးပွဲအနှစ်သာရကိုသိလို့ မဲထည့်တာ မဟုတ်ဘဲနဲ့၊ ဒီပါတီဘဲရှိတဲ့အတွက် ယှဉ်လို့ရှိရင်လည်း ဒီပါတီက အလုပ်ပေးနိုင်ဆုံးဖြစ်တဲ့ ပါတီဖြစ်တဲ့ အတွက် ဒီပါတီဘဲထည့်တယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။

ကျွန်တော်အနေနဲ့ ဒီတာဝန်ကြီးကို ထမ်းဆောင်တဲ့အခါကျတော့ ရွေးကောက်ပွဲဆိုတာဘာလဲ ပြန်သုံးသပ်ပါတယ်။ ရွေးကောက်ပွဲဆိုတဲ့ဟာက လူထုက ကိုယ်စားလှယ်ရွေးပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်စေတဲ့ လုပ်ငန်းဟာ ရွေးကောက်ပွဲလုပ်ငန်းပါဘဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြောမယ် ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄ မှာ ရှိပါတယ်။ ပြည်သူ့လွှတ်တော်ထဲမှာရှိတဲ့ အာဏာပေါ့၊ အချုပ်အခြာအာဏာကို တစ်နိုင်ငံလုံးကို ပြန့်နှံ့စေတယ်။ ဘယ်လိုပြန့်နှံ့လဲဆိုတော့ လူထု ကိုယ်စားလှယ်နဲ့ပဲ ပြန့်နှံ့တာပေါ့။ လူထုကိုယ်စားလှယ်ပြန့်နှံ့စေဖို့လုပ်တာ ဘယ်သူက လုပ်ပေးလဲ ဆိုတော့ရွေးကောက်ပွဲက လုပ်ပေးတာပေါ့။ ရွေးကောက်ပွဲက လူထုကိုယ်စားလှယ်ကို ရွေးကောက် ပေးလိုက်တယ်။ အဲဒီကိုယ်စားလှယ်တွေက လွှတ်တော်ထဲကို သွားမယ်။ သွားပြီးတော့ အခုနကပြောတဲ့ အချုပ်အခြာအာဏာ၊ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ ကိုင်ဆွဲပြီးတော့ နိုင်ငံတော်တိုးတက်အောင်လုပ်တာပေါ့။

အဲဒီအတွက်ကြောင့် ပြောမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းတဲ့အတွက်ကြောင့် ရွေးကောက်ပွဲဆိုတာဘာလဲ၊ ရွေးကောက်ပွဲအနှစ်သာရဆိုတာဘာလဲ၊ မသိသေးတဲ့ အခါကျတော့ လူထုက ငါတို့ရဲ့ကိုယ်စား တိုင်းပြည်မှာ တာဝန်ယူရမယ့် ပုဂ္ဂိုလ်တွေကို ငါတို့ ရွေးချယ်တာပါလား၊ ဒါကြောင့် ငါတို့ လူတော်လူကောင်းတွေရွေးရမယ်။ ကြောက်လို့မဲထည့်တာ၊ ချစ်လို့မဲထည့် တာ၊ ထည့်ခိုင်းလို့မဲထည့်တာ၊ မဲမထည့်ရဘူးလို့တားလို့ မဲမထည့်ဘဲနေတာ၊ ဒီလိုတွေ မဟုတ်ဘဲနဲ့ လူတော်လူကောင်းတွေ ရွေးချယ်တင်မြှောက်တဲ့ရွေးကောက်ပွဲဖြစ်ရင်တော့ နိုင်ငံတော် အတွက် ပိုအကျိုး ရှိမယ်လို့ ကျွန်တော်ဒီလိုဘဲ ခံယူပါတယ်။ ဒီလိုဘဲ ခံယူတဲ့အတွက် ၂၀၁၁ ဒီတာဝန်ကြီး ကျွန်တော်ရထဲကိုက လာမယ့် ၂၀၁၅ မှာတော့ လွတ်လပ်တဲ့ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ် ဆိုပြီးတော့ ဒါကို ကျွန်တော်တို့ ကြိုပြီးတော့ပြင်ပါတယ်။ ပြင်တဲ့အခါကျတော့ ဒီကိစ္စပြင်ဖို့ ဆိုတာ ရွေးကောက်ပွဲကော်မရှင်တစ်ခုတည်းနဲ့ မရပါဘူး။ အဲတော့ အားလုံးပါဖို့ လိုပါတယ်။ ပထမတော့ရွေးကောက်ပွဲကော် မရှင်ပေါ့လေ။

၂၀၁၀ တုန်းက ကျွန်တော် staff က ၆၅ ယောက်နဲ့ပဲ ကျွန်တော် ရွေးကောက်ပွဲကို လုပ်ပေး လိုက်တာပါ။ ကျန်တဲ့ဟာတွေကတော့ အများယုံကြည် လေးစားသော ပုဂ္ဂိုလ် ၆ဦး၊ ဌာနဆိုင်က ၉ဦး။ ၁၅ဦးနဲ့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲတွေက ဆက်လုပ်ပေးတာပါ။ ကျွန်တော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာကတော့ ဝန်ထမ်းအားလုံးက ၆၅ ယောက်ဘဲ ရှိပါတယ်။

ကျွန်တော်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကျွန်တော် သေချာ ဖွဲ့ပါတယ်။ ဖွဲ့တဲ့အခါကျတော့ ကျွန်တာ်ရုံးအပြင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေမှာလည်း ကျွန်တော် ရဲ့ကော်မရှင် အဖွဲ့ခွဲပေါ့ ဒါတွေ ကျွန်တော်တင်ပါတယ်။ တင်တဲ့နေရာမှာလည်းဘဲ သိပ်များများတော့ မဟုတ်ပါဘူး။ တိုင်းမှာဆို ၉ယောက်၊ ခရိုင်မှာဆို ၇ ယောက်လောက်၊ ဟိုမှာဆို ၅ယောက်လောက် နဲ့ကျွန်တော်တို့ တောင်းပါတယ်။ တောင်းတဲ့အခါမှာလည်း ကျွန်တော် အစိုးရကို ဘာတင်ခဲ့လည်းဆိုတော့ ဝန်းထမ်းတွေကနေပြီးတော့ ကျန်တဲ့ ဝန်ကြီးဌာနတွေကနေပြီးတော့ ပိုလျှံတဲ့ ဝန်ထမ်းတွေ စုပြီးတော့ ကျွန်တော် ဖွဲ့ပါမယ်ဆိုပြီးတော့ ဒီလိုဘဲ ဖွဲ့စည်းပုံတောင်းပါတယ်။ တောင်းတဲ့အခါမှာ ဖွဲ့စည်းပုံလည်း ကျပါတယ်။ ဝန်ကြီးဌာနတွေအားလုံး တောင်းပါတယ်။ တောင်းတဲ့အခါမှာတော့ အများဆုံး လာတာကတော့ တပ်မတော်ပါဘဲ။ ဒုတိယအများဆုံးလာတာကတော့ စက်မှုဝန်ကြီးဌာနပါ။ ယနေ့မှာ ကျွန်တော့်ဆီမှာ အမာခံဆိုရင် လူပေါင်းတစ်ထောင်ကျော်လောက် staff တွေ ရှိသွားပါပြီ။

တစ်ထောင်ကျော်လောက်မှာ တပ်မတော်သားများက တစ်ရာကျော်လောက်ရှိပါတယ်။ စက်မှုဝန်ကြီးဌာနဆို နှစ်ရာကျော်လောက် ရှိပါတယ်။ ကျန်တာကတော့ ခန့်တာပေါ့လေ။ ဆိုလိုတာက ကျွန်တော်တို့ အကြီးပိုင်းပေါ့၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဆိုတဲ့ ပုဂ္ဂိုလ်မျိုး ကျတော့လည်း ကျွန်တော်တိုက်ရိုက်ခန့်ဖို့ အခက်အခဲရှိပါတယ်။ ရာထူးတော့ ပေးလို့ရတယ်။ management ကျတော့ အခက်ခဲရှိတယ်။ ဒါတွေကတော့ အတွေ့အကြုံ့ရှိတဲ့ ဝန်ကြီးဌာနတိုင်း တာဝန်ပေးတယ်။ ကျန်တဲ့ ဦးစီးဌာနက ဦးစီးမှူးတို့၊ ဒုဦးစီးမှူးတို့ ကျတော့ ကျွန်တော် အပြင်က ခန့်ပါတယ်။ အခုဆိုရင် ခင်ဗျားတို့လည်း သိပါတယ်။ ကျွန်တာ်တို့ ဖွဲ့စည်းပုံ မပြည့်ပါဘူး။ မပြည့်ဘူး ဆိုတာ ဒုဦးစီးမှူး ကျွန်တော်ခန့်လို့ မရဘူး။ ဝန်ကြီးဌာနကလည်း ပေးခွင့်မရှိဘူး။ အဲဒီတော့ ကျွန်တော် အပြင်မှာ စာမေးပွဲဖြေပြီးတော့ ဝန်ထမ်းရွေးချယ်ရေးကို ခန့်ပေးဖို့ တောင်းထားပါတယ်။ အခုလည်း သတင်းစာထဲမှာ ခေါ်ထားပြီးတော့ စာမေးပွဲဖြေမယ်။ ဖြေပြီးရင် ဖောင်ကြီးဝန်ထမ်းကျောင်းတွေ ပို့မယ်။ ပို့ပြီး Training လုပ်ပြီးမှ ကျွန်တော့်ကိုပေးမယ့်သဘော ရှိပါတယ်။

မေး ။    ။ ဘယ်နှစ်ယောက်လောက် ထပ်ခန့်ဖို့ ရှိမလဲ ခင်ဗျ။

ဖြေ ။    ။ ၂၀၀ ကျော်လောက် ရှိပါတယ်။ အများဆုံး ၁၄၀၀ကျော်လောက်တော့ ရောက်သွားမယ်။ ဆိုကြပါစို့ ကျွန်တော်တို့က တိုင်းနဲ့ပြည်နယ်မှာ မြို့နယ် ၃၃၀ ရှိရာမှာ ခရိုင်က ၇၃ခုလောက် ရှိတယ်။ အဲဒါတွေ ကျွန်တော်ဖြည့်ရာမှာပေါ့။ ဆိုလိုတာကတော့ ကျွန်တော့ရွေးကောက်ပွဲကော်မရှင်ကိုလည်းဘဲ ကျွန်တော်က ပြန်ပြီးတော့ ခိုင်မှာအောင်တည်ဆောက်နေတယ်။ လူတင်လားဆိုတော့ မဟုတ်ပါ ဘူး။ လူတွေ capacity တက်အောင်လည်း သင်တန်းတွေဘာတွေပေးတာတွေ ကျွန်တော်ရှိပါတယ်။

ဒီမတိုင်ခင်မှာ ဘာလုပ်လည်းဆိုတော့ အားလုံး ဥပဒေပြန်ဖတ်တယ်။ နည်းဥပဒေပြန်ဖတ်တယ်။ လက်စွဲစာအုပ်ပြန်ဖတ်တယ်။ ဝန်ထမ်းလမ်းညွှန်ပြန်ဖတ်တယ်။ ဖတ်ပြီးနောက်ပိုင်း ယခင် အတွေ့အကြုံနဲ့ ယခင်ရွေးကောက်ပွဲပေါ် မူတည်ပြီးတော့ ပြင်သင့်တာတွေ ပြင်ပါတယ်။ ဥပဒေကျတော့ ကျွန်တော် ပြင်လို့ မရဘူး။ နည်းဥပဒေနဲ့ကျန်တဲ့ လုပ်ငန်းလမ်းညွှန်ကျတော့ ပြင်ပါတယ်။

ပွင့်လင်းအောင်၊ မြင်သာအောင်၊ ထင်ရှားအောင်၊ ရှင်းလင်းအောင်၊ လွယ်ကူအောင်  ကျွန်တော်အကုန်လုံးပြင်ပါတယ်။ ဒီပြင်တဲ့ဟာတွေလည်း ပါတီတွေ၊ CSO တွေကို ချပေးပါတယ်။ သူတို့ feedback ကိုယူပြီးတော့ ကျွန်တော် ပြန်ပြင်တာပါ။ ပြင်ပြီးတော့ ကျွန်တော် staff တွေကို လည်း ဒါတွေကို နားလည်အောင် စာအုပ်တွေဝေပြီးတော့ သူတို့ရဲ့ capacity ကို တက်လာအောင် လုပ်ပါတယ်။

ကျွန်တော်ရဲ့ကော်မရှင်မှာ လူတင်လားဆိုတော့ မဟုတ်ပါဘူး။ materials တွေလည်း ကျွန်တော် ဆောင်ရွက်ပေးပါတယ်။ သက်ဆိုင်ရာရုံးတွေမှာဆိုရင် fax တွေရှိရမယ်၊ Copier တွေရှိရမယ်။ Printerတွေ ရှိရမယ်။ ကွန်ပြူတာတွေရှိရမယ်။ ဒါမျိုးတွေ ကျွန်တော် တပ်ပေးပါတယ်။ အဲဒီတော့ တစ်က ကျွန်တော်ရဲ့ ကော်မရှင်ကို capacity တက်အောင် လုပ်သလိုဘဲ၊ ကျွန်တော် တွဲလုပ်ရမယ့် လူတွေက ပါတီတွေပါဘဲ။ ပါတီတွေကိုလည်း ရင်းရင်းနှီးနှီးပေါင်းပြီးတော့ feedback တွေ ပေးပါတယ်။ နိုင်ငံတော်မှာ ပါတီတွေ အရေးကြီးပါတယ် ဆိုပြီးတော့ ပါတီတွေရဲ့ capacity တက်အောင်လုပ်ဖို့ ကျွန်တော် အစဉ်အားပေးပြီးတော့ သူတို့ capacity တက်အောင် လုပ်ခိုင်းပါတယ်။ ထို့အတူဘဲ CSO တွေ။ ကျွန်တော့်လုပ်ငန်းကြီးက ကျွန်တော်တစ်ယောက်တည်း လုပ်လို့မရဘူး။ CSO တွေ ပါမှရမယ်ဆိုပြီး CSO တွေနဲ့ ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲကြီးသာမက နောင်လာမယ့် ရွေးကောက်ပွဲကြီးတွေ မှာလည်း ခိုင်ခိုင်မာမာဖြစ်အောင်ကော်မရှင် အနေနဲ့ ဆောင်ရွက်နေပါတယ်။

ဒါအပြင် ၂၀၁၅ အတွက်က ၂၀၁၃ မှာ strategic plan တစ်ခုရေးဆွဲပါတယ်။ မဟာဗျူဟာ စီမံကိန်းကြီးက ၂၀၁၅ ကို ရည်ရွယ်ပြီးတော့ ရေးတာပေါ့။ ၅နှစ်စီမံကိန်းပါ။ အဲဒါကတော့ ၂၀၁၈ အထိဖြစ်ပါမယ်။ အဲဒီစီမံကိန်းက ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အပြင်၊ အဲဒီ result တွေ ထွက်လာတဲ့ report တွေကို observer report ဖြစ်ချင်ဖြစ်မယ်။ ကော်မရှင်ရဲ့ report ဖြစ် ရင်ဖြစ်မယ်။ အဲဒါတွေက နောင်ရွေးကောက်ပွဲတွေ အထောက်အကူဖြစ်ဖို့ ဆိုပြီးတော့ strategic plan ကြီးတစ်ခု ရေးဆွဲပါတယ်။ ရေးဆွဲပြီးနောက်ပိုင်းမှာ ဒါ pillar ကြီး ၁၂ခု နဲ့ဘဲ ဒါနဲ့ပဲ ၂၀၁၅ ကို လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်အောင် လုပ်နေပါတယ်။ ဒါတွေကိုဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ကြီးဘဲ မရသေးပါဘူး။ ကျန်တဲ့ ပြည်ပအဖွဲ့စည်းတွေ၊ သူတို့က လာပြီး ဆက်ဆံတာလည်း ရှိပါတယ်။ ကျွန်တော်တို့က ဖိတ်ခေါ်တာလည်း ရှိပါတယ်။ သူတို့ဆီက လာပြီးတော့ capacity တက်အောင် အများကြီးTraining တွေပေးပါတယ်။ Workshop တွေ ပေးပါတယ်။

ထို့အတူဘဲ ပြည်ပကိုသွားပြီးတော့လည်း seminar တွေတက်ပါတယ်။ observer အနေနဲ့ နိုင်ငံပေါင်း ကျွန်တော်ထင်ပါတယ် ၁၅နိုင်ငံလောက် သွားပါတယ်။ သြစတြေးလျတို့၊ ကမ္ဘောဒီးယားတို့၊ မလေးရှားတို့ အစရှိတဲ့နိုင်ငံတွေပေါ့။ အိန္ဒိယတို့၊ ပါကစ္စတန်တို့၊ EUတို့၊ အမေရိကား ဒါမျိုးတွေ ကျွန်တော်တို့ သွားပါတယ်။ သွားပြီးတော့ အတွေ့အကြုံ့တွေ ယူပါတယ်။

မေး ။    ။ ဒီနေရာမှာ တစ်ခုလောက် ဖြတ်မေးချင်တာက capacity နဲ့ ပတ်သက်တဲ့ issue ပေါ့နော်။ ခုနက ဝန်ကြီးဌာနတို့ တပ်မတော်တို့ကလာတဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပူပေါင်းဆောင် ရွက်တဲ့ လူတွေက သူတို့အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သူတို့က ကြီးကြပ်တဲ့ လုပ်တဲ့အခါမှာ သူတို့ လာတဲ့အစွဲတွေ၊ သူတို့ရဲ့ အယူဆတွေ မပါဘဲနဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ဆိုတဲ့ capacity ကို ဘယ်လိုများ လုပ်ဆောင်လဲခင်ဗျ။

ဖြေ ။    ။ ဒါကတော့ ပြောစရာလည်း ရှိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လူတွေအားလုံးကတော့ သံသယ ရှိနေကြတာပါဘဲ။ ကျွန်တော်လိုချင်တာကတော့ management ပါဘဲ။ အသစ်ကို ခိုင်းတာထက် အတွေ့အကြုံ management ရှိတဲ့ လုပ်ငန်းအတွေ့အကြုံရှိတဲ့လူခိုင်းတာက ဘာပြောပြော သူရဲ့ကြီးကြပ်မှု၊ ဆက်ဆံမှု၊ ဒီကိစ္စတွေနားလည်တဲ့အတွက်ကြောင့် သူတို့ကတော့ အတွေ့အကြုံရှိတဲ့ အတွက်ကြောင့် လုပ်ငန်းမှာ အဆင်ပြေမယ်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းပေါ့။ ဒုတိယခေါင်းဆောင်၊ တတိယခေါင်းဆောင် ရှိမှာပေါ့။ တချို့လည်းဘဲ မြို့နယ်ဦးဆောင်ရမယ်။

တချို့လည်းဘဲ မြို့နယ်မှာ ဒုတိယခေါင်းဆောင်ဖြစ်မယ်။ တချို့လည်းဘဲ တတိယခေါင်းဆောင် လောက်ဖြစ်မယ်။ အဲဒီပုဂ္ဂိုလ်တွေက ခေါင်းဆောင်နိုင်စွမ်းရှိဖို့ဆိုတာကတော့ လုပ်ငန်းအတွေ့အကြုံ ရှိဖို့လို ပါတယ် ဒါကြောင့် ကျွန်တော်က ဒါတွေထားတာပါ။ ခုနကခင်ဗျားပြောတဲ့ ကိစ္စရှိပါတယ်။ အစွဲကတော့ ဘာဘဲဖြစ်ဖြစ် ပြောကြေးဆိုရင်တော့ ကျွန်တော့အယူဆပါ။ check and balance ရှိနေမယ် ဆိုရင်တော့ မလုပ်ရဲပါဘူး။ ဆိုကြပါဆို့ ဒါတွေသိဖို့ဆိုရင် တစ်က ဘာလုပ်ရမလဲဆိုရင် သူဟာ ဘယ်ကအမှားလဲ ဘယ်ကအမှန်လဲ သိရပါမယ်။ အမှန်ကို လုပ်ရမယ်၊ အမှားကို မလုပ်ရဘူး ဆိုတဲ့ ကြီးကြပ်မှုတွေလည်း ရှိရမယ်။ ဒီကြီးကြပ်မှုဆိုတာလည်း ကြောက်လို့ လိုက်နာတာထက် အသိတရားနဲ့ယှဉ်တဲ့ လိုက်နာမှုဖြစ်ဖို့ လုပ်ရပါမယ်။ ဒီလို ဖြစ်ဖို့ဆိုတာလည်း check ဆိုတာမရှိလို့ မရပါဘူး။

တစ်ယောက်က စောင့်ကြည့်နေတယ်။ ခုဆို ပါတီကစောင့်ကြည့်မယ်၊ မီဒီယာက စောင့်ကြည့်မယ်၊ CSO က စောင့်ကြည့်မယ် ဆိုရင် သူမှားချင်သည့်တိုင်အောင် သူ့ကို Bias မဖြစ်အောင် ပုဂ္ဂလိက ခံစားချက်မဖြစ်အောင် သူကို Bias ဖြစ်စေတဲ့ အခွင့်အရေး မပေးတော့ဘူး ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ရွေးကောက်ပွဲလုပ်ငန်း ဆိုတာကလည်း ကြိတ်လုပ်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

ခုဆိုရင် ပွင့်လင်းမြင်သာမှု အကုန်လုံး ရှိပါတယ်။ ဘာဘဲမေးမေး ကျွန်တော်ဆိုရင် ဘယ်ကိစ္စမဆို ဟိုတုန်းကတော့ ဘယ်ပုံစံထဲသွင်း ဘယ်ပို့ရတယ် ပြောတယ်။ သွင်းရတဲ့ပုံစ့အားလုံးက ဟိုတုန်း ကတော့ ကျွန်တော် လက်ခံတစ်ရွက်ဘဲ ရှိတယ်။ အခု လက်ခံအပြင် အပိုတစ်ရွက် လုပ်ထားတယ်။ ပြီးရင် မဲရုံမှာ ကပ်ထားလိုက်တယ်။ ကျွန်တော် ဒီလိုတွေ ခိုင်းထားတဲ့အတွက်ကြောင့် ဒီလို transparency ရှိနေတဲ့အတွက်ကြောင့် ခုနကပြောတဲ့ bias ဖြစ်ချင်သည့်တိုင်အောင်လည်း ဖြစ်လို့မရပါဘူး။ ကျွန်တာ်ကလည်း ထပ်ပြီးညွှန်ကြားတာရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အခွင့်အရေးပေးထားတာ ကတော့ သူရဲ့စေတနာနဲ့ မှန်တယ်ထင်ပြီးတော့လုပ်တဲ့ အမှားမျိုးဆိုရင် ဥပဒေအရ အရေးယူခွင့်မပြုဘူးဆိုတဲ့ မရဘူးဆိုတဲ့ တားထားတဲ့ ဥကဒေတစ်ခု ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြဌာန်းထားတာရှိပါတယ်။

သို့သော်လည်း အဆင့်ဆင့်သော လွှတ်တော်ရွေးကောက်ပွဲဥပဒေမှာကျတော့ အခန်း ၁၃ ဆိုတာ ရှိပါတယ်။ ဒါကတော့ ပြစ်မှုနဲ့ ပြစ်ဒဏ်များ။ မည်သူမဆို ဒီလိုဖြစ်ရင်တော့ အရေးယူခံရမယ်ဆိုတာ။ ဆိုကြပါစို့ တစ်ယောက်သော ပုဂ္ဂိုလ်က နှစ်ခါမဲပေးတယ်။ ဒုတိယအကြိမ်လာမဲပေးတယ်။ မဲရုံမှူးက သိပါလျှက်နဲ့ မဲပေးခွင့်ပြုလိုက်ရင် မဲရုံမှူးအား ဥပဒေနဲ့ အရေးယူရမယ်ဆိုတာရှိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က မင်းတို့ စေတနာနဲ့ မှားတဲ့ဟာ ဆိုရင်တော့ ဥပဒေက လွှတ်ခွင့်ရှိတယ်။ သို့သော်လည်း ရည်ရွယ်ချက်ရှိရှိနဲ့ မှားတဲ့ဟာမျိုးဆိုရင်တော့ မင်းတို့အရေးယူခံရမယ်။ ဒါကြောင့်မင်းတို့ ဒါကို ဂရုစိုက်ပါ ဆိုပြီးတော့ သွန်သင်ဆုံးမမှုတွေ ကျွန်တော်လုပ်ထားပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ကိုယ်ကျွန်တော် ယုံပါတယ်။ ကျွန်တော့် staff တွေကိုလည်း ယုံပါတယ်။ ဗမာစကားပုံမှာတော့ သူကြွယ်တောင်မှ လွယ်ရင်လည်း သူခိုးဖြစ်တတ်ပါတယ်ဆိုတာ ရှိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ခုနက check and balance မရှိဘူးဆိုရင် bias တော့ ပါသွားတာပေါ့။ လူဆိုတာကတော့ အတ္တစိတ်က ရှိတတ်တာပေါ့။ အတ္တစိတ်ရှိလို့ မစားရလို့ ဘက်လိုက်တာတို့ ဒီလိုလည်း ရှိချင်လည်းရှိမှာပေါ့။ ဒီလိုမဖြစ်အောင် ကျွန်တော်တို့ အခြေနေဖန်တီးပေးထားလိုက်ပြီ ဆိုရင်တော့ ဘယ်လိုမှ မရပါဘူး။

ပြန်ကောက်မယ်ဆိုရင် ၂၀၁၅ လွတ်လပ်ပြီးတရားမျှတ တဲ့ရွေးကောက်ပွဲဖြစ်အောင် ကျွန်တော်က strategic plan နဲ့ လုပ်ပြီးတော့ ကျွန်တော့လူတွေ ကျွန်တော် capacity တက်အောင် လုပ်သလိုဘဲ ပါတီတွေ capacity တက်အောင် လုပ်ထားပါတယ်။ ပါတီတွေ capacity တက်အောင်လုပ်ထားသလို ဘယ်တုန်းကမှ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ဆို ၆ ကြိမ်ပေါ့။ ၆ ကြိမ်မှာ ခင်ဗျား တို့ မကြားဘူးတဲ့ CSO တွေ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ၂၀၁၅ မှာ ကျွန်တော် စပြီးတော့ Introduce လုပ်လိုက်တာပါ။ အစောကြီးထဲက ကျွန်တော်စဉ်းစားတယ်။

ငါ အောင်မြင်ဖို့ဆိုတာ ကော်မရှင်သီးသန့်တော့မရဘူး။ ပါတီတွေပါမှရမယ်။ CSO တွေ ပါမှရမယ်။ ကျွန်တော် စိတ်ထဲ ရှိပြီးတော့ ကျွန်တော် မျှော်လင့်သလို မဖြစ်သေးတာ မီဒီယာပါဘဲ။ အဲဒီအတွက်ကြောင့် ကျွန်တော်ကတော့ CSO တွေ ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ပြီးတော့ သူ့ကို ကျွန်တော်တို့က သူဆိုတာ ဒါ ရွေးကောက်ပွဲကို လုပ်ချင်တယ်ဆိုရင် လုပ်တယ်ဆိုတဲ့ တစ်ခုဆိုတာ မသိဘဲနဲ့လုပ်လို့ မရပါဘူး။ ဒါ သိမှ။ ရွေးကောက်ပွဲဆိုတာဘာလဲ။  ရွေးကောက်ပွဲဘယ်လိုကျင်းပလဲ။ ဒီစနစ်တွေသိပြီးတော့ ဒီအပေါ်မှာသိပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာ အမှန်ဖြစ်ပါမယ်။ အဲဒါကြောင့် သူတို့ကိုလည်း ကျွန်တော် ဥပဒေတွေ၊ နည်းဥပဒေတွေ၊ ကျွန်တော်ပေးပါတယ်။ နှစ်လတစ်ကြိမ်လောက် တွေ့တွေ့ပြီးတော့။ CSO များရဲ့ ဆောင်ရွက်မှုများက အင်မတန်မှ ကျေနပ်စရာ ကောင်းပါတယ်။ CSO တွေ capacity မြင့်မားလာတာ တွေ့ပါတယ်။ သူတို့လည်းဘဲ နိုင်ငံခြားတွေဘာတွေ သွားရတဲ့အပိုင်းမှာ ခေါ်သွားတာလည်းရှိပါတယ်။ အဲဒါကြောင့် ကောင်းပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly