သမိုင်းဝင် ဂုတ်ထိပ် တံတား

သမိုင်းဝင် ဂုတ်ထိပ် တံတား
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊  ဒီဇင်ဘာ ၃၀။        ။ အက်ရှင်ကား ၊ စတန့်ကားများထဲမှဇာတ်ဝင်ခန်းများလို ၊ နောက်ဆုံးထွက် ဇာတ်ကား Murder On The Orient Express ထဲမှလို ဇာတ်ဝင်ခန်းထဲမှ တံတားအလား မြန်မာနိုင်ငံအတွင်း တည်ရှိသည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ ဂုတ်ထိပ်တံတားဖြစ်သည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း တည်ရှိပြီး တောင်ကြား နှစ်ခုကို ဖြတ်၍ ဖောက်လုပ်တည်ဆောက်ထားသည့် ကမ ္ဘာ့အမြင့်ဆုံး ရထားလမ်းတစ်ခုအဖြစ်လည်း ထင်ရှားခဲ့သည်။

ဂုတ်ထိပ်တံတားသည် မန္တလေး-လားရှိုး မီးရထားလမ်းပေါ် ရှိ နောင်ချိုဘူတာ နှင့် နောင်ပိန် ဘူတာအကြားတွင် တည်ရှိပြီး မော်တော်ယာဉ်ဖြင့်လည်း နော်ချိုမြို့မှာ တဆင့် သွားရောက်နိုင်ကြသည်။ အဆိုပါ ဂုတ်ထိပ်တံတား ကိုတော့ ယခင်က ခရီးသွားများကို လမ်းလျှောက်ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း ယခုအခါမှာတော့ တံတားကြီး ရေရှည်ကြံ့ခိုင်မှုရှိစေရန် နှင့် ခရီးသွားများအသက်အန္တရာယ် မဖြစ်စေရန် ဖြတ်သန်းခွင့်ကို တားမြစ်ထားသည်။

ထို့ကြောင့် ဂုတ်ထိပ်တံတားကို လာရောက်လေ့လာသည့် ခရီးသွားများ အဆင်ပြေစေရန်အတွက် အပျော်စီး ရထားဖြင့် တံတားပေါ်သို့ ဖြတ်သန်းနိုင်သည်။ အပျော်စီးရထားသည် ဂုတ်ထိပ်ဘူတာ မှ စတင်ထွက်ခွာပြီး တံတားတစ်ဖက်ကနေ ဂုတ်ထိပ်ဘူတာသို့ ပြန်လည်ဆိုက်ရောက်ခြင်း ဖြစ်သည်။ အဆိုပါ အပျော်စီးရထား တစ်ပတ်ကိုတော့ တယောက်လျှင် ကျပ် ၅၀၀၀ ပေးရပြီး တစ်ခေါက်လျှင် အယောက် ၂၀ ခန့် စီးနိုင်သည်။

ဂုတ်ထိပ်တံတားကို ၁၉၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ကာ ၁၉၀၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ ၂၂၆၀ ပေ မှာ တည်ရှိပြီး တံတားကြီးကို ထောက်ပင့်ထားသည့် သံတိုင်များအနက် အမြင့်ဆုံး တိုင်သည် ပေ ၃၂၀ မြင့်၍ တံတားအကျယ် ၁၂၀ ရှိကာ အနိမ့်ဆုံး သံတိုင်သည် ၄၅ ပေခန့် ရှိသည်။ ပေ ၃၀၀ ကျော်မတ်စောက်သည့် တောင်ကြား ၂ ခုကို ဖြတ်သန်း ဖောက်လုပ်ထားပြီး တံတားသံတိုင်ပေါင်း ၁၆ ခု ရှိပြီး တံတားပေ အရှည် ကတော့ ပေ ၂၂၆၀ ပေ ရှိသည်။

တံတားအောက်ရှိ လိုဏ်ဂူအောက်တွင် ဖြတ်သန်းစီးဆင်းနေသည့် မြစ်ရေပြင် မှ အထက် ပေ ၈၂၅ ဖြစ်ပြီး အမြင့်ဆုံးထောက်တိုင် အပေါ်ရှိ သံလမး်သည် မြေပြင်မှာ ပေ ၃၃၅ ပေမြင့်ကာ အဆိုပါတံတား တည်ဆောက် ခဲ့စဉ်က ကုန်ကျစရိတ်ကတော့ ခေတ်ကာလအလိုက် ကုန်ကျစရိတ် စတာလင်ပေါင် ၁၁၃၂၀၀ ကုန်ကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly